Categories: Celebrity News

လက်ရှိ Covid-19 2nd Wave မှာ ကူးစက်ခံထားရတဲ့ တောင်ကိုရီးယား အနုပညာရှင်များ

တောင်ကိုရီးယားနိုင်ငံမှာတော့ Covid-19 outbreak ပြန်လည်ဖြစ်ပွါးနေပီး 2nd wave လို့ တင်စားနေကြပါတယ်။ ဒီဂယက်မှာတော့ ကူးစက်ခံထားရတဲ့အနုပညာရှင်တွေလည်း ရှိနေပီး ဆေးစစ်ချက် ရလဒ်စောင့်စားနေကြရတဲ့ သူတွေလည်း မြားပြားလှပါတယ်။

ပထမဆုံး ကူးစက်ခံထားရတယ်လို့ ကြေညာခဲ့တဲ့သူကတော့ KBS ရဲ့ “To All The Guys Who Loved Me” မှ Supporting မင်းသား Seo Sung Jong ပါ။ ဒါ့ကြောင့် ဒီဇာတ်ကားရဲ့ ရိုက်ကူးရေးကို ရပ်တန့်ခဲ့ပြီး အဖွဲ့ဝင်တွေလည်း ဆေးစစ်ချက် ခံယူခဲ့ပါတယ်။

အဲ့ဒီ့နောက်မှတော့ Go Ara နဲ့ Lee Jae Wook တို့ရဲ့ ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ “Do Do Sol Sol La La Sol” ရဲ့ ရိုက်ကူးရေးတွေကိုလည်း ရပ်နားခဲ့ပါတယ်။ အကြောင်းကတော့ “To All the Guys who Loved Me” မှ Staff အချို့ဟာ “Do Do Sol Sol La La Sol” မှာလည်း ပါဝင်နေတဲ့သူများရှိနေပါတယ်တဲ့။

အဲ့ဒီ့နောက်တော့ “Do Do Sol Sol La Sol” မှ သရုပ်ဆောင် Heo Dong Won မှာလည်း ရောဂါပိုး ကူးစက်ခံထားရကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် Go Ara လည်း ဆေးစစ်ချက်ခံယူထားတယ်လို့ သိရပါတယ်။

တတိယမြောက် ကူးစက်ခံရတယ်လို့ ကြောညာခဲ့သူကတော့ K-Drama ပရိသတ်တွေရဲ့ အချစ်တော် အာဂျူးရှိ “Kim Won Hae” ပါ။ Kim Won Hae ကတော့ မင်းသား Seo Sung Jong နှင့်အတူ “Jjambbong” လို့အမည်ရတဲ့ ပြဇာတ်မှာ ပါဝင်နေလျက်ရှိနေတာပါ။

ဒီပြဇာတ်မှာပါဝင်တင်ဆက်နေတဲ့ Cast member ၃၈ ယောက်အနက် ၁၅ ယောက်ဟာ ကူးစက်ခံထားရပါတယ်။ ကူးစက်ခံထားရတဲ့ သူအားလုံး အမြန်ဆုံး ပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soompi
Written: Gyi Gyi

Share