Categories: Celebrity News

Gaon Weekly Charts မှာ Top ဖြစ်နေတဲ့ နာမည်ကြီး Kpop အဖွဲ့များ

Album Chart
ဒီတစ်ပတ်ရဲ့ Physical Album Chart မှာတော့ YG entertainment မှအသစ်ထွက်ရှိထားတဲ့ TREASURE အဖွဲ့မှ သူတို့ရဲ့ ပထမဆုံး Album ဖြစ်တဲ့ “THE FIRST STEP: CHAPTER ONE ” ဖြင့် နံပါတ် ၁ နေရာကိုရရှိထားပါတယ်။ No.2 နေရာကိုတော့ ONF ရဲ့ “SPIN-OFF” မှနေရာယူခဲ့ပြီး SSAK3 ရဲ့ special edition ဖြစ်တဲ့ ” Beach Again ” ကတော့ နံပါတ် ၃နေရာမှာ ရှိခဲ့ပါတယ်။

Download Chart
Download Chart မှာဆိုရင်တော့ Han Seung Woo ရဲ့ Solo သီချင်းဖြစ်တဲ့ “Sacrifice” မှ နံပါတ်၁ ရရှိထားပါတယ်။ Digital Download Chart ရဲ့ နံပါတ်၂ နေရာကိုတော့ ONF မှရရှိခဲ့ပြီး No.3 နေရာကိုတော့ Summi နှင့် Park Jin Young တို့အတူတူသီဆိုထားတဲ့ “Whe We Disco” သီချင်းကရရှိခဲ့ပါတယ်။

Overall Digital Chart & Streaming Chart
Download ရော Streaming (ကြည့်ရှုနှုန်း) ရဲ့အများဆုံးရရှိထားတဲ့ Top 5 အဖွဲ့လည်းရှိပါတယ်။ No.1 နေရာကိုတော့ SSAK3 ရဲ့ Beach Again ကရရှိထားပြီး No.2 မှာတော့ Hwasa ရဲ့ Maria ရှိနေပါတယ်။ No.3 နှင့် No.4 မှာတော့ SSAK3 ၏ “Play That Summer” နှင့် BLACKPINKရဲ့ “How You Like That” တို့က အသီးသီးရရှိထားပါတယ်။ Zico နှင့် Rain တို့အတူတူသီဆိုထားတဲ့ “Summer Hate” ကတော့ နံပါတ်၅ နေရာမှာ ရှိနေပါတယ်။

Social Chart
BLACKPINK အဖွဲ့ကတော့ Gaon Social Chart မှာ ၁၂ပတ်တိုင်တိုင် နံပါတ်၁ နေရာကိုရထားပါတယ်။ Kang Daniel ကတော့ နံပါတ်၂ နေရာအထိ တက်လာခဲ့ပြီး No.3 နေရာမှာတော့ BTS ရှိနေပါတယ်။

Gaon Weekly Chart မှာဒီတစ်ပတ် အတွက်နေရာယူထားတဲ့ Kpop group၊ Solo artist တွေကတော့ အထက်ကဖော်ပြထားတဲ့ သူတွေပဲဖြစ်ပါတယ်။ နောက်လာမယ့်အပတ်တွေမှာလည်း ဘယ်သူတွေ ဘယ်နေရာမှာရှိနေမလဲဆိုတာကို စောင့်ကြကြရအောင်နော်။

Source: Soompi
Written: Phoo Phoo

Share