Categories: Celebrity News

Park Seo Joon ၊ IU တို့နှင့်အတူ Dream မှာတွေ့ရမယ့် Kang Ha Neul

Kang Ha Neul နှင့် Park Seo Joon ဟာ Midnight Runners ရုပ်ရှင်မှာ အတူတူ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ IU နှင့်ဆိုလျှင်လည်း Ha Neul က Moon Lovers ဇာတ်လမ်းတွဲမှာ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ အနုပညာမောင်နှမတွေပါ။

ဒါ့ကြောင့်လည်း သူငယ်ချင်းနှစ်ယောက်ရဲ့ ရုပ်ရှင်ဖြစ်တဲ့ Dream မှာ Ha Neul ကပါဝင်ဖို့ လက်ခံလိုက်တယ် ထင်ပါတယ်။ Dream ရုပ်ရှင်မှာ Ha Neul ကဘယ်ဇာတ်ကောင်အဖြစ် ပါဝင်မှာကိုတော့ အခုထိမသိရသေးပါဘူး။

သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ TH Company ကလည်း Ha Nuel အနေနှင့် ဘယ်ဇာတ်ရုပ်နှင့် ပါဝင်သွားမယ်ဆိုတာကိုလည်း တရားဝင် မထုတ်ပြန်ထားသေပါဘူး။ ပရိတ်သတ်တွေအနေနှင့်ကတော့ Ha Neul နှင့် Park Seo Joon တို့ရဲ့ bromance ကို Midnight Runners မှာတွေ့ခဲ့ရပြီးပြီမို့ သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်တွေကို ထပ်မြင်ချင်ကြပါသေးတယ်။

ဒါ့အပြင် IU နှင့်လည်း Moon Lovers ဇာတ်လမ်းတွဲမှာ Chemistry ကောင်းကောင်းဖြင့် သရုပ်ဆောင်နိုင်ထားသဖြင့် ပရိတ်သတ်တွေ့ကတော့ များစွာမျှော်လင့်ထားကြပါတယ်။

Dream ဇာတ်လမ်းတွဲနှင့် ပက်သက်ပြီး ယခုလောလောဆယ်မှာ အတိအကျပြောနိုင်တာကတော့ Park Seo Joon ကဘောလုံးအသင်းနည်းပြအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး IU ကတော့ Documentary တွေရိုက်ကူးတဲ့ PD တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာပါ။

Kang Ha Neul အပြင် နောက်ထပ်ပါဝင်ကြမယ့် အရံသရုပ်ဆောင်များကိုတော့ များမကြာမီ သိရမှာပဲဖြစ်ပါတယ်။ Dream ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Lee Byeong heon I မှရိုက်ကူးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

Source: Kdrama Stars
Written: Phoo Phoo

Share