Categories: Celebrity News

Covid-19 Outbreak ကြောင့် ခေတ္တရပ်ဆိုင်းလိုက်ရတဲ့ ဇာတ်လမ်းတွဲများနဲ့ အစီအစဉ်များ

လတ်တလောမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ Covid-19 ကူးစက်ခံရသူများ တိုးပွါးနေပီး တဖန်ပြန်လည်ပျံ့နံ့လျက်ရှိနေပါတယ်။ ဒီတစ်ခါ ဂယက်ကတော့ K-Drama လောကကို ပျံ့နှံ့နေပြီး အထိနာစေပါတယ်။

အနုပညာရှင်တွေနဲ့ ရိုက်ကွင်းများမှ Staff များဟာ ထုတ်လုပ်ရေးတစ်ခုထက်မကပါဝင်လှုပ်ရှား နေလျက်ရှိနေတာပါ။ ဒါ့ကြောင့် အနုပညာအသိုင်းအဝိုင်းမှာ ကူးစက်ခံရသူများ ရှိလာခဲ့တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ အချိန်တိုတွင်းမှာပဲ ဇာတ်လမ်းအချို့နဲ့ Program အချို့ရဲ့ ရိုက်ကူးရေးတွေနဲ့ ထုတ်လွှင့်ပြသမှုတွေကို ရပ်တန့်ထားရပါတော့တယ်။

လက်ရှိရပ်တန့်ထားရတဲ့ အစီအစဉ်တွေကတော့…

1. JTBC “Private Lives”


Girls Generation’s Seohyun နဲ့ Go Kyung Pyo တို့ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ။ ဒီဇာတ်လမ်းတွဲရဲ့ Staff member တစ်ယောက်က ကူးစက်ခံထားရသူရှိနေတဲ့ အခြားရိုက်ကူးရေးမှာလည်း အလုပ်လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

2. KBS “Dol Dol Sol Sol La La Sol”


Go Ara နဲ့ Lee Jae Wook တို့ရဲ့ ဇာတ်လမ်းတွဲအသစ်ပါ။ မင်းသား Heo Dong Won ကတော့ ကူးစက်ခံထားရပါတယ်။ ဒါ့ကြောင့် Go Ara လည်း ဆေးစစ်ချက် ခံယူထားတယ်လို့ သိရပါတယ်။

3. tVN “Start-Up”


Nam Joo Hyuk နဲ့ Suzy တို့ရဲ့ လာမယ့် ဇာတ်လမ်းတွဲအသစ်ပါ။ ဒီဇာတ်လမ်းတွဲမှ မင်းသမီး Seo Yi Sook ဟာ ကူးစက်ခံထားရသူမင်းသား Heo Dong Won နဲ့အတူ “Dol Dol Sol Sol La La Sol” မှာ ပါဝင်သရုပ်ဆောင်နေတာပါ။

4. JTBC “Run On”


Im Si Wan, Shin Se Kyung နဲ့ Girls Generation ရဲ့ Sooyoung တို့ရဲ့ ဇာတ်လမ်းတွဲသစ်ပါ။ ဒီဇာတ်လမ်းတွဲရဲ့ Staff member တစ်ယောက်က ကူးစက်ခံထားရသူ ရှိနေတဲ့ အခြားရိုက်ကူးရေးမှာလည်း အလုပ်လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

5. KBS “To All The Guys Who Loved Me”


Hwang Jung Eum နဲ့ Yoon Hyun Min တို့ရဲ့ လက်ရှိပြသနေတဲ့ ဇာတ်လမ်းတွဲပါ။ မင်းသား Seo Sung Jong ကူးစက်ခံထားရတယ်လို့ ကြေညာပီးတဲ့နောက် ရပ်ဆိုင်းထားပါတယ်။

6. JTBC “Just Comedy”


ဒီ ဟာသ အစီအစဉ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Oh Man Seok ဟာ ကူးစက်ခံထားရသူ Heo Dong Won နဲ့ ထိတွေ့မှု ရှိခဲ့တဲ့အတွက် ရပ်နားထားပါတယ်။

7. JTBC ” More Than Friends”


Ong Seong Wu, Shin Ye Eun နဲ့ Kim Dong Jun တို့ရဲ့ ဇာတ်လမ်းတွဲသစ်ပါ။ ဇာတ်လမ်းတွဲမှ မင်းသမီးတစ်ဦးဖြစ်တဲ့ Kim Hee Jung ဟာ ကူးစက်ခံထားရသူ Kim Won Hae နဲ့ ထိတွေ့မှု ရှိခဲ့တဲ့အတွက်ကြောင့်ပါ။

Source: Koreaboo
Written: Gyi Gyi

Share