Categories: Celebrity News

I-Land trainee တွေနဲ့တွေ့ဆုံရတဲ့ ခံစားချက်ကို ပြောပြလာတဲ့ J-Hope နဲ့ Jungkook

Big Hit ရဲ့မျိုးဆက်သစ်လေးတွေဖြစ်တဲ့ I-Land trainee လေးတွေအပေါ် စီနီယာအစ်ကိုကြီးတွေဖြစ်တဲ့ BTS အဖွဲ့ဝင်တွေရဲ့ သဘောထားကဘယ်လိုရှိမလဲဆိုတာကတော့ အားလုံးသိချင်နေကြတဲ့ အကြောင်းအရာပါ။

ဩဂုတ်လ ၂၁ ရက်နေ့ကထွက်ရှိလာတဲ့ BTS အဖွဲ့ရဲ့ Dynamite သီချင်းအတွက် ကျင်းပတဲ့ online conference မှာတော့ BTS အဖွဲ့ဝင်တွေဟာ I-Land trainee လေးတွေကို တွေ့ဆုံအပြီးဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ဝေမျှခဲ့ကြပါတယ်။

I-Land အစီအစဉ်ရဲ့ အပိုင်း ၇ မှာ BTS အဖွဲ့ဝင်တွေ ပါဝင်လာအပြီး ခံစားချက်ကို ပရိတ်သတ်တွေကမေးမြန်းလာတဲ့အခါမှာတော့ အဖွဲ့ဝင်အားလုံးတညီတညွတ်တည်းပေးတဲ့အဖြေဟာ သူတို့ရဲ့အရင်နေ့ရက်တွေကို သတိရမိပါတယ်တဲ့။

J-Hope ကတော့ လေ့ကျင့်တဲ့အခန်းတွေကို မြင်လိုက်ရတဲ့အခါ သူ trainee ဘဝကိုပြန်သတိရမိကြောင်းကို “Trainee လေးတွေနဲ့ သူတို့ရဲ့ အခန်းကိုကြည့်ပြီးတော့ ကျွန်တော့်ရဲ့ trainee ဘဝကို ပြန်သတိရမိတယ်။

Trainee ဘဝမှာ ဘယ်လိုခံစားရမလဲဆိုတာ အားလုံးသိကြမှာပါ။ ဘယ်လိုပြောရမလဲ trainee ပဲဖြစ်တဲ့အတွက် ဘယ်အရာမှမသေချာမရေရာဘူးလေဗျာ။ အကောင်းဆုံး အစွမ်းကုန်ကြိုးစားနေရင်တောင် တကယ့်လမ်းမှန်ကို ​ေရာက်ပါ့မလားဆိုတာ မသိရဘူး။

အဲ့ဒါကြောင့် သူတို့ကိုအားပေးဖြစ်ခဲ့တယ်” လို့ဆိုပါတယ်။ Jungkook ကလဲ Q&A session မှာ I-Land trainee တွေဆီက မေးခွန်းတွေကို ဖြေရတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်နဲ့ပတ်သတ်လို့ “သူတို့ရဲ့မေးခွန်းတွေကို အချိန်ပေးပြီးနားထောင်ကြည့်တဲ့အခါမှာလဲ ကျွန်တော်ငယ်ငယ်ကသိချင်ခဲ့တဲ့အရာတွေနဲ့ မကွဲပြားတာကို သိခဲ့ရတဲ့အတွက် သူတို့ကိုနားလည်မိပါတယ်။

သူတို့ခေါင်းထဲမှာ အခြားသိချင်တာတွေလဲ ရှိနေဦးမယ်ဆိုတာ သိပါတယ် ဒါပေမယ့် သူတို့အနေနဲ့ ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့နဲ့ ယုံကြည်ချက်ရှိဖို့ကိုလဲ အလေးထားစေချင်တယ်။” လို့ ပြောပြခဲ့ပါသေးတယ်။

ဆက်ပြီးတော့လဲ J-Hope က “သူတို့ကိုကြည့်ပြီး ကျွန်တော်လဲဒီနေရာမှာ ရပ်မနေသင့်ဘူးလို့ သင်ခန်းစာရခဲ့တယ်။ လူဆိုတာ အမြဲသိချင်နေ တွေးတောနေမှ အရှေ့ကိုရွေ့မှာ။

ကျွန်တော်လဲ စစချင်းတုန်းက စိတ်အားထက်သန်မှုတွေ မပျောက်ပျက်သွားချက်ဘူး” လို့ trainee တွေကသာ သူတို့ဆီက သင်ယူခဲ့ရတာမဟုတ်ပဲ သူတို့ကလဲ trainee တွေဆီက ပြန်သင်ယူခဲ့ရတဲ့အရာတွေရှိကြောင်း ထပ်လောင်းပြောပြခဲ့ပါတယ်။

BTS ကတော့ Big Hit ရဲ့အောင်မြင်မှုလမ်းကို ဖောက်ပေးခဲ့တဲ့ အားထားရသူတွေဖြစ်သလို trainee လေးတွေအတွက်လဲ လေးစားရတဲ့ စံပြအစ်ကိုတွေပါပဲ။

ဖြတ်သန်းရခဲ့သလောက် ဂျူနီယာတွေအပေါ်ပြန်လည်ဝေမျှစရာ ပညာပေးစရာတွေ များပြားတာမို့ BTS ရဲ့စီနီယာပီသမှုကိုတော့ ပရိတ်သတ်တွေက ချီးကျူးမဆုံးဖြစ်နေပါတယ်။

Source : Koreaboo
Written : Dar Dar

Share