Yulhee နဲ့ Minhwan တို့ရဲ့ လူနေမှုဘဝကိုတော့ ပရိတ်သတ်အားလုံးက ရုပ်သံအစီအစဉ်တွေကတစ်ဆင့် အတွင်းကကျသိပြီး သူတို့မိသားစုလေးကို ချစ်ခင်နေကြတာပါ။
ဒီလိုချစ်ခင်အားပေးမှုရဲ့ နောက်ဆက်တွဲအနေနဲ့တော့ ကလေးလေးတွေနဲ့ တွေ့ချင်လို့ သူတို့ရဲ့အိမ်အထိ လာရောက်တဲ့သူတွေများလာခြင်းပါပဲ။ Yulhee တစ်ယောက်ကတော့ ဒီလိုကာလမျိုးမှာ အိမ်ကိုလူဝင်လူထွက်များနေတာကို စိတ်ပူတာကြောင့် တောင်းဆိုမှုတစ်ခု ပြုလိုက်ပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ Yulhee ရဲ့ instagram ကနေ “အားလုံး မင်္ဂလာပါ။ ဒီကိစ္စကိုပြောဖို့တွေဝေနေခဲ့ပေမယ့် မိသားစုဝင်တွေကလဲ စိတ်ပူနေကြတာမို့ ပြောပါရစေ။ ကျွန်မတို့မိသားစုကို အားပေးချစ်ခင်ကြတာကို ကျေးဇူးတင်ပါတယ်။
ဒါပေမယ့် တချို့ကတော့ အားပေးတာထက်ကျော်လွန်ပြီး ကျွန်မတို့ရဲ့အိမ်ကိုတောင် ရောက်လာတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့် ဒီလိုလုပ်ရပ်လေးတွေကို ရှောင်ကြဉ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
Jae Yul လေး မူကြိုဆင်းတဲ့အချိန်မှာ မျက်နှာမြင်ချင်လို့ လာတွေ့ကြတာကို ပုံမှန်အချိန်ဆိုရင်ကျွန်မတို့လဲ ပျော်ရွှင်စွာလက်ခံပါတယ်။ ဒါပေမယ့် ဒီလိုကာလမှာတော့ အားလုံးက Covid-19 ကို စိုးထိတ်ပြီး နေနေရတဲ့အတွက် ကျွန်မတို့ကိုယ်တိုင်လဲ အပြင်ကိုတတ်နိုင်သမျှမသွားပဲ လူတွေနဲ့ထိတွေ့ဆက်ဆံမှုကို လျှော့ချနေတာပါ။
ကလေးတွေကို ပြုစုပျိုးထောင်နေတဲ့မိဘအနေနဲ့ အားလုံးရဲ့အန္တရာယ်ကင်းရှင်းရေးကိုလဲ ရှေးရှုတာမို့ အားလုံးပဲ social distancing ကို အတူကျင့်သုံးအောင် ချစ်ပေးကြတာကို ကျေးဇူးတင်ပါတယ်။
ဒါလေးတစ်ခုတော့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဒီနေ့လဲအလားတူဖြစ်ရပ်မျိုးရှိလာတာကြောင့် ဒီခိုတင်လိုက်ရတာပါ” လို့ရေးတင်ထားခဲ့ပါတယ်။
အသက်အငယ်ဆုံး idol အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ Yulhee ကတော့ ရုပ်သံအစီအစဉ်နဲ့ သူ့ရဲ့ youtube channel ကတစ်ဆင့် ပရိတ်သတ်နဲ့အဆက်အသွယ်မပြတ်သလို သားသမီးသုံးယောက်ရဲ့မိခင်အဖြစ်လဲ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူပါ။
Source : Soompi
Written : Dar Dar