သြဂုတ်လ ၂၁ရက်နေ့မှာတော့ BTS ဟာသူတို့ရဲ့ အသစ်ထွက်ရှိထားတဲ့ English song ဖြစ်တဲ့ Dynamite နှင့်ပက်သက်ပြီး Press Conference လုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ခေါင်းဆောင်ဖြစ်သူ RM မှ Dyanmite ဆိုတဲ့ သီချင်းဖြစ်ပေါ်လာပုံနဲ့ သီချင်းရဲ့ရည်ရွယ်ချက်ကိုလည်း ပြောပြခဲ့ပါတယ်။
RM ရဲ့ပြောပြပုံကတော့ ” အစကတုန်းကတော့ ကျွန်တော်တို့က Dynamite သီချင်းကို ထုတ်ဖို့အစီအစဉ်မရှိခဲ့ပါဘူး။ နှစ်စကတည်းကစပြီး အသစ်ထွက်ရှိမယ့် Album အသစ်အတွက်သာ လုံးပန်းခဲ့ကြတာပါ။
ဒါပေမဲ့အဲ့လို ပြင်ဆင်မှုတွေ လုပ်နေတဲ့ အချိန်အတွင်းမှာပဲ ကျွန်တော်တို့တွေ Dynamite ဆိုတဲ့ Song ကိုထုတ်ဖို့ အခွင့်အရေး ဖန်လာခဲ့ပါတယ်။ Dynamite သီချင်းဟာ ပရိတ်သတ်တွေကို စိတ်တက်ကြွမှုတွေပေးစေပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် သီချင်းမျိုးပါ။
ကျွန်တော်တို့တွေ နှစ်ကုန်မှာ Album ထုတ်နိုင်ဖို့ ပြင်ဆင်ကြရင်း ပရိတ်သတ်တွေကို စိတ်ပျော်ရွှင်စေမယ့်၊ တက်ကြွစေမယ့် သီချင်းမျိုးကို ပေးချင်ခဲ့ကြပါတယ်။
ဒါ့ကြောင်လည်း ကျွန်တော်တို့ရဲ့ Album အသစ်မထွက်ခင်မှာပဲ Dynamite ကို pre-single အနေနှင့် အရင်ထုတ်ခဲ့ကြတာပါ” ဆိုပြီး ပြောပြခဲ့ပါတယ်။
သီချင်းကို English version ဖြင့်လုပ်ဖြစ်ခဲ့ပုံကိုတော့ V က အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” Recording လုပ်ရင်းနဲ့ သီချင်းရဲ့ Melody က english စာသားတွေနဲ့ ပိုလိုက်ဖက်နေတာကို တွေ့လိုက်ရပါတယ်။
ပြီးတော့ကျွန်တော်တို့ နဂိုတုန်းက ဖန်တီးခဲ့ဖူးတဲ့ သီချင်းပုံစံတွေနဲ့လည်း ကွဲထွက်နေတာမို့ အားလုံးတိုင်ပင်ပြီး English song ပဲလုပ်ကြမယ်ဆိုတဲ့ အဖြေထုတ်ခဲ့ကြတာပါ”
Dyanamite သီချင်းရဲ့ ရည်ရွယ်ချက်နှင့် ပက်သက်လို့ကတော့ BTS ရဲ့ပြောပြချက်က “အခုလို ရောဂါကြောင့် အခက်အခဲ ဖြစ်နေကြတဲ့အချိန်မှာ Dyanamite ဆိုတဲ့ song လေးနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအကုန်လုံးကို အားအင်တွေပေးစွမ်းချင်လို့ပါ။
တဆက်တည်းမှာပဲ သီချင်းက အခုလိုအခက်အခဲဖြစ်နေကြချိန်မှာ ခဏတာပဲဖြစ်ဖြစ် အမောပြေစေနိုင်မယ်လို့လည်း ထင်မိပါတယ်။” ဆိုပြီး Dynamite ရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို မျှဝေခဲ့ပါတယ်။ အားလုံးလည်း BTS ရဲ့သီချင်းအသစ်ဖြစ်တဲ့ Dynamite ကိုသဘောကျရဲ့လား? တခုခုပြောခဲ့ပါဦးနော်။
Source: Soompi
Written: Phoo Phoo