Categories: Celebrity News

Nam Joo Hyuk နဲ့ Suzy တို့ရဲ့ Drama မှာ ပါဝင်ဖို့အတည်ပြုလိုက်တဲ့ Crash Landing You ရဲ့ Yoo Soo Bin

Crash Landing You ဇာတ်လမ်းတွဲက Choi Ji Woo ရဲ့ fanboy မြောက်ကိုရီးယားသားလေး Kim Joo Muk နေရာကို ပိုင်နိုင်စွာ သရုက်ဆောင်ခဲ့တဲ့ Yoo Soo Bin ကို မှတ်မိကြသေးလား? Yoo Soo Bin ကတော့ Nam Joo Hyuk နဲ့ Bae Suzy တို့ရဲ့ ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ Start Up မှာ ပါဝင်သွားဖို့ အတည်ပြုလိုက်ပါပီနော်။

Yoo Soo Bin ရဲ့ အေဂျင်စီကလည်း ဒီ သတင်းကို အတည်ပြုခဲ့ပါတယ်။ “Start Up” ကတော့ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ဦးစီးဖို့ကြိုးစားနေကြတဲ့ လူငယ်တွေရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Yoo Soo Bin ကတော့ Nam Joo Hyuk ရဲ့ သူငယ်ချင်း Lee Cheol San နေရာမှ ပါဝင်သရုပ်ဆောင်သွားမှာပါ။

Yoo Soo Bin ကတော့ ၂၀၁၇ ခုနှစ်မှာ ပွဲဦးထွက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး Crash Landing You နဲ့ Prison Playbook တို့မှာ ပါဝင်သရုပ်ဆောင်မှုတွေနဲ့ လူသိများပါတယ်။ Start Up ကိုတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ စတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။ “Start Up” ကတော့ တကယ့်ကို Hot Actors တွေချည်းပါပဲ။

Source: Annyeong Oppa
Written: Gyi Gyi

Share