Categories: Celebrity News

ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှူဖို့ စာရင်းသွင်းထားတဲ့ Youngjae

GOT7 ရဲ့ Main Vocal Youngjae ကတော့ တကယ့်ကို မွန်မြတ်တဲ့လှူဒါန်းမှုတစ်ခုကို လုပ်ခဲ့ပါတယ်။ Youngjae ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေလှူမယ့်အလှူရှင်အဖြစ် စာရင်းသွင်းထားခဲ့ပါတယ်တဲ့။

Youngjae ပြောခဲ့တာကတော့ “ခန္ဓာကိုယ် အစိတ်အပိုင်းကို လှူဒါန်းခွင့်ရတာဟာ တကယ်ကို လူတစ်ယောက်အတွက် ကောင်းချီးတစ်ခုပါပဲ။ ဒါဟာ လူတစ်ယောက်အတွက် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ ပေးနိုင်တဲ့ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Youngjae ဆက်လက်ပြောကြားခဲ့တာကတော့ ” ကိုယ့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူမယ်လို့ ကိုယ်တိုင်ဆုံးဖြတ်တဲ့သူတွေဟာ တကယ့်ကိုလေးစားစရာကောင်းတယ်လို့ ကျွန်တော်အမြဲ စဉ်းစားခဲ့ပါတယ်။

ဒါ့ကြောင့် ဒီလိုလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဂုဏ်ယူမိပါတယ်။ ဒီလိုလှူဒါန်းဖို့ အခွင့်အရေးရခဲ့တဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

Source: Soompi
Written: Gyi Gyi

Share