ယခုဖော်ပြပေးလိုက်တဲ့ ထိုင်းမင်းသမီး ၃ ဦးကတော့ သူမတို့ရဲ့ အလှအပကြောင့်သာမက သူမတွေရဲ့ ပါရမီတွေကြောင့် ကမ္ဘာ့နာမည်ကြီးဘရန်းတွေနဲ့ အလုပ်အတူလုပ်ကိုင်ခဲ့ကြပါတယ်။
(၁) Yaya Urassaya
မင်းသမီးချောလေး Yaya ကိုတော့ အခုချိန်မှာ ထိုင်းရုပ်ရှင်ပရိတ်သတ် မဟုတ်သူတွေကတောင် သိကြမှာပါ။ သူမကတော့ ၂၀၁၀ မှာ ထုတ်လွှင့်ခဲ့တဲ့ Duang Jai Akkhani ထိုင်းရုပ်သံဇာတ်လမ်းတွဲကြောင့် ထိုင်းရဲ့ထိပ်တန်းကြယ်တစ်ပွင့် ဖြစ်လာပါတော့တယ်။
ပရိတ်သတ်အချစ်တော် မင်းသမီးလေး Yaya Urassaya ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းနာမည်ကြီးဖက်ရှင်ဘရန်းဖြစ်တဲ့ Louis Vuitton နဲ့အတူ ပထမဆုံးအလုပ်အတူလုပ်ဖူးတဲ့ ထိပ်တန်းထိုင်းမင်းသမီးတစ်ယောက်ဖြစ်လာပါတော့တယ်။ သူမဟာ နိုင်ငံတကာမှာ လုပ်တဲ့ပွဲတွေကို ဖိတ်ကြားတက်ရောက်နေပြီး နိုင်ငံတကာမှာပါ ပရိတ်သတ်တွေ အခိုင်အမာရရှိနေပါပြီ။
(၂) Chompoo Araya
ဗြိတိသျှသွေး ရောတဲ့ ထိုင်းမင်းသမီးလေး Chompoo Araya ကတော့ သူမရဲ့ ကျက်သရေရှိတဲ့ရုပ်သွင်ပြင်ကြောင့် ပရိတ်သတ်တွေက အရမ်းကိုချစ်ခင်နေရသူပါ။ သူမဟာ ၁၉၉၈ မှာ Miss Motor Show Contest ပြိုင်ပွဲမှာ Miss အနေနဲ့ အနိုင်ယူကာ အနုပညာလောကထဲစတင်ဝင်ရောက်လာပါတယ်။
သူမဟာ တောက်လျှောက်အောင်မြင်မှုတွေရခဲ့ပြီး Cannes ရုပ်ရှင်ပွဲတော်ကို တောက်လျှောက်ဖိတ်ခေါ်ခံရပြီး၊ L’Oréal París ရဲ့ Brand Ambassador ရော၊ နာမည်ကြီးရတနာအမှတ်တံဆိတ်ဖြစ်တဲ့ Chopard ရဲ့ Brand Ambassador ရောဖြစ်ပါတယ်။
(၃) Mai Davika
ပရိတ်သတ်အချစ်တော် Mai Davika ကတော့ သူမအသက် ၁၄ နှစ်ထဲက အနုပညာလောကထဲကို ကြော်ငြာမင်းသမီးလေးတစ်ယောက် အနေနဲ့ တီဗွီဖန်သားပြင်ပေါ်မှာ နေရာယူခဲ့တာပါ။ သူမဟာ ထိုင်းနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဖြစ်လာပြီး Pee Mak ရုပ်ရှင်ကားကြီးနဲ့ နိုင်ငံတကာမှာ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ထားသူပါ။
သူမဟာ ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လှတာကြောင့် UNICEF နဲ့ WildAid စတဲ့အဖွဲ့အစည်းတွေရဲ့ Brand Ambassdor ဖြစ်ရုံသာမက ဖက်ရှင်လောကမှာ ထိပ်တန်းအမှတ်တံဆိတ်တစ်ခုဖြစ်တဲ့ Gucci ရဲ့ ဖက်ရှင်ရှိုးပွဲတွေကိုလည်း အမြဲဖိတ်ကြားခံရတဲ့ ‘Friend of Gucci’ ဖြစ်ပါတယ်။
Source: Thaiupdate
Written: S.Kaung