ယခုဖော်ပြပေးလိုက်တဲ့ ထိုင်းမင်းသားချော ၃ ဦးကတော့ ကိုးရီးယားလူမျိုး အမျိုးသမီးများနဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ထားသူများဖြစ်ပါတယ်။
(၁) Ohm Atshar
မင်းသားချော Ohm Atshar ကတော့ ကိုးရီးယားလူမျိုး အမျိုးသမီးဖြစ်တဲ့ Park Joo Hee နဲ့ လက်တွဲခဲ့တာဆိုရင် ၃ နှစ်တောင်ရှိသွားပါပြီ။ သူမက အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ဘဲ သာမန်အမျိူးသမီးဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ Ohm Atshar က သူ့ရဲ့ Park Joo Hee နဲ့ လက်ထပ်ဖို့ တိုင်ပင်ထားတယ်လို့ ဖြေခဲ့ပေမယ့် လက်ထပ်မယ့်နေ့ကိုတော့ မပြောပြနိုင်သေးဘူးဆိုပါတယ်။
(၂) Nat Nattaraht
ပရိတ်သတ်အချစ်တော် မင်းသား Nat Nattaraht ကတော့ ကိုးရီးယားသူလေးနဲ့ လက်တွဲခဲ့ တာဆိုရင် ချစ်သူသက်တမ်း ၂ နှစ်ကျော်သွားပြီဖြစ်လို့ ပရိတ်သတ်တွေက သူတို့လက်ထပ်မဲ့သတင်းကို စောင့်မျှော်နေကြပါတယ်။
Nat Nattaraht ကိုယ်တိုင်ကလည်း ထိုင်းလူမျိုးစစ်စစ်မဟုတ်ပါဘူး။ ဖခင်ဖက်ကနေ ပြင်သစ်သွေးစပ်တဲ့ ထိုင်းပြင်သစ် ကပြားဖြစ်ပြီး Nat Nattaraht ကို ကနေဒါမှာ မွေးဖွားခဲ့ပါတယ်။ သူတို့ရဲ့ အချစ်ရေးကို Public မချပြတာမို့ ပရိတ်သတ်တွေက အရမ်းကိုစိတ်ဝင်စားနေကြပါတယ်။
(၃) Auan Rangsit
Auan Rangsit ကတော့ ကိုးရီးယားသူလေးနဲ့ ချစ်သူသက်တမ်း ၂ နှစ်ကျော်ပြီးကြာအောင် လက်တွဲခဲ့ပြီးနောက် ၂၀၁၇ မှာတော့ တရားဝင်လက်ထက်ခဲ့ပါတယ်။
Auan Rangsit တစ်ယောက် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တဲ့ အမျိုးသမီးဟာလည်း အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ပါဘူးနော်။ ဒါ့အပြင် မကြာခင်မှာ သူတို့ရဲ့ ပထမဆုံးကလေးကိုလည်းရတော့မယ်လို့ ပြောပြထားပါတယ်။
Source: Thaiupdate
Written: S.Kaung