ထိုင်းရုပ်ရှင်ချစ်ပရိတ်သတ်တွေကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့တဲ့ နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ One Day ကတော့ အာရှနိုင်ငံမှာတင်သာမက နိုင်ငံတကာက ထူးချွန်ဆုများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကလည်း ဇာတ်အိမ်ခိုင်လုံလှပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေကလည်း ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့်ပါ။
ဒီ One Day ထိုင်းရုပ်ရှင်ဇာတ်လမ်းကိုတော့ ၂၀၁၆ မှာ ဒါရိုက်တာ Banjong Pisanthanakun ကရိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေ တခဲနက်အားပေးခဲ့ရတဲ့ ရိုမန့်တစ်ဒရမ်မာရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းကို ထိုင်းထိပ်တန်းအနုပညာရှင်ဖြစ်တဲ့ Chantavit Dhanasevi နဲ့ မင်းသမီးချောလေး Nittha Jirayungyurn တို့က ပါဝင်သရုပ်ဆောင်ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မင်းသားဟာ သူ့ရုံးကလုပ်ဖော်ကိုင်ဖက် မိန်းမချောလေးကို တတ်တခိုးချစ်မိနေခဲ့ပြီး မတော်တဆမှုတစ်ခုကြောင့် မင်းသမီးကတစ်ရက်တာ အတိတ်မေ့သွားတာကြောင့် သူရဲ့အိမ်မက်ကို တစ်ရက်တာ အကောင်အထည်ဖော်လိုက်နိုင်တဲ့ ဇာတ်လမ်းတည်ဆောက်ပုံလေးနဲ့ အချစ်ကိုဖော်ကြူးထားပါတယ်။
အကောင်းဆုံးအမျိုးသား၊ အမျိုးသမီးဇာတ်ဆောင်ဆု စတဲ့ဆုပေါင်းများစွာအပြင် အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆု များကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Source: Wikipedia
Witten: S.Kaung