မင်းသမီးချောလေး Yaya ကိုတော့ အခုချိန်မှာ ထိုင်းရုပ်ရှင်ပရိတ်သတ် မဟုတ်သူတွေကတောင် သိကြမှာပါ။ သူမကတော့ ၂၀၁၀ မှာ ထုတ်လွှင့်ခဲ့တဲ့ Duang Jai Akkhani ထိုင်းရုပ်သံဇာတ်လမ်းတွဲကြောင့် ထိုင်းရဲ့ထိပ်တန်းကြယ်တစ်ပွင့် ဖြစ်လာပါတော့တယ်။
ပရိတ်သတ်အချစ်တော် မင်းသမီးလေး Yaya Urassaya ဟာဆိုရင် ကမ္ဘာ့ထိပ်တန်းနာမည်ကြီးဖက်ရှင်ဘရန်းဖြစ်တဲ့ Louis Vuitton နဲ့အတူ ပထမဆုံးအလုပ်အတူလုပ်ဖူးတဲ့ ထိပ်တန်းထိုင်းမင်းသမီးတစ်ယောက်ဖြစ်လာပါတော့တယ်။
သူမဟာ နိုင်ငံတကာမှာ လုပ်တဲ့ပွဲတွေကို ဖိတ်ကြားတက်ရောက်နေပြီး နိုင်ငံတကာမှာပါ ပရိတ်သတ်တွေ အခိုင်အမာရရှိနေပါပြီ။ အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေကို နီးစပ်စေတာကတော့ ဆိုရှယ်မီဒီယာတွေဖြစ်တာကြောင့် မီဒီယာကအရေးပါလှပါတယ်။
ပရိတ်သတ်တွေက ကိုယ်ချစ်တဲ့အနုပညာရှင်တွေကို နေ့စဉ်မြင်တွေ့နေနိုင်တဲ့ အင်စတာဂရမ်ကတော့ အနုပညာရှင်တွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ ဒီလိုပဲ မင်သမီးချောလေး Yaya Urassaya ဟာဆိုရင်တော့ သူမရဲ့ အင်စတာဂရမ်မှာ သူမပရိတ်သတ်တွေနဲ့ နေတိုင်း သူမရဲ့လှုပ်ရှားမှုတွေကို မှျှဝေလာရာ ြသဂုတ်လ ၃ ရက်နေ့မှာတော့ သူမရဲ့ Instagram မှာ Follower ပေါင်း ၁၀ မီလီယံကျော်သွားပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
သူမရဲ့အကောင့်မှာ သူမရဲ့ချစ်စရာကောင်းလှတဲ့ဲဓာတ်ပုံလေးနဲ့အတူ မျှဝေခဲ့တာပါ။ ဒီပုံကိုပဲ Blackpink ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Rose က Like ခဲ့ပါသေးတယ်။ Yaya ဟာ တစ်လထဲမှာတင်ကိုပဲ Follower ပေါင်း ၁၄၅၆၅ ယောက်ကို ရရှိခဲ့တာပါ။
Source: ThaiUpdate
Written: S.Kaung