Categories: Celebrity News

tVN Weekends drama တွေထဲမှာ ဒုတိယမြောက် ကြည့်ရှုသူအများဆုံးဖြစ်လာတဲ့ “Forest of Secrets 2”

Forest of Secrets 2 ရဲ့ Season 2 ကတော့ လှလှပပ ပွဲဦးထွက်နိုင်လိုက်ပါပီ။ ဩဂုတ်လ ၁၅ ရက်နေ့မှစလို့ အောင်မြင်မှုတွေရခဲ့တဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “Forest of Secrets” ရဲ့ Season 2 ကို စတင်ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။

“Forest of Secrets 2” ဟာ ပထမဆုံးအပိုင်း ထုတ်လွှင့်ပြသခဲ့တဲ့ နေ့မှာပဲ Season 1 ထက် ကြည့်ရှုသူများပြားခဲ့တာပါ။ ဒါ့အပြင် ထုတ်လွှင့်ပြတဲ့အချိန်နဲ့ အတူပြသနေတဲ့ Channel အားလုံးထဲမှာလည်း ကြည့်ရှုသူအများဆုံး ဖြစ်ခဲ့ပါတယ်။


ဒီလိုအောင်မြင်မှုဟာ “Forest of Secrets Season 2” ကို စံချိန်သစ်တစ်ခုလည်းပေးခဲ့ပါသေးတယ်။ ယခုဆိုရင် “Forest of Secrets 2” ဟာ သမိုင်းတစ်လျှောက် tVN ရဲ့ Weekends drama တွေထဲမှာ “Mr. Sunshine” နောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးဖြစ်လာပါပီ။

Source: Soompi
Written: Gyi Gyi

Share