Categories: Celebrity News

Taylorswift ကိုကျော်ပြီး Spotify ရဲ့ No.1 နေရာတစ်ခုကို ယူထားနိုင်ခဲ့တဲ့ BTS

BTS တို့ကတော့ သူတို့ရဲ့ သီချင်းသစ် “Dynamite” နဲ့ Spotify မှာ သမိုင်းသစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ BTS ဟာ ဩဂုတ်လ ၂၁ ရက်နေ့မှာ အားလုံးစောင့်မျှော်နေကြတဲ့ သီချင်းသစ်ဖြစ်တဲ့ “Dynamite” ကို ပရိသတ်တွေဆီ အရောက်ပို့ပေးခဲ့ပါတယ်။

Dynamite ဟာ ထွက်ရှိခဲ့ပြီးအချိန်တိုအတွင်းမှာပဲ ကမ္ဘာအရပ်ရပ်က iTunes chart တွေရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး Music video ဟာလည်း Youtube ရဲ့ စံချိန်တွေကို ချိုးနေခဲ့တာပါ။

ဒါ့အပြင် ဒီသီချင်းဟာ အခုဆိုရင်တော့ Spotify မှာလည်း မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြန်ပါတယ်။ “Dynamite” ဟာ သီချင်းထွက်ရှိခဲ့တဲ့ ပထမရက်မှာပဲ နားထောင်မှုပေါင်း ၇.၇၇ သန်းကျော်နဲ့ Spotify ရဲ့ Global Top 50 chart ရဲ့ No.1 နေရာမှာ Debut နိုင်ခဲ့ပါတယ်။

ဒါဟာ Taylorswift ရဲ့ 2020 အတွက် Spotify မှ Global Top 50 Chart ကစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ Taylorswift ရဲ့ “Cardigan” ဟာ နားထောင်သူပေါင်း ၇.၇၄ သန်းကျော်နဲ့ No.1 နေရာမှာ Debut ထားနိုင်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ်ဝမ်းသာစရာ မှတ်တမ်းသစ်တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ “Dynamite” ဟာ Spotify Global Top 50 Chart မှာ No.1 နေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ BTS တို့ကတော့ ကမ္ဘာအရပ်ရပ်က အောင်မြင်မှုတွေ ရနေတော့တာပါပဲ။

Source: Soompi
Written: Gyi Gyi

Share