Categories: Celebrity News

ပရိတ်သတ်တွေဆီက အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြတာပါခံခဲ့ရတဲ့ Kpop idol ၅ ဦး

ယခုဖော်ပြပေးသွားမှာက ပရိတ်သတ်တွေဆီကနေတောင် ဆန့်ကျင်ဆန္ဒပြတာခံခဲ့ရတဲ့ Kpop idol တွေပါ။ ပရိတ်သတ်တွေကကပဲလွန်သလား idol ကပဲလွန်သလားဆိုတာကိုတော့ ဆုံးဖြတ်သွားပေးကြပါဦးနော်။

Chen (EXO)

ဒီနှစ်ထဲမှာပဲ Chen ရဲ့လက်ထပ်ပွဲသတင်းနဲ့အတူ သူ့ဇနီးလောင်းရဲ့ကိုယ်ဝန်အကြောင်း ရုတ်တရက်ကြီးထုတ်ပြန်ချက်ထွက်လာခဲ့တာကို ပရိသတ်တွေအားလုံးပဲမှတ်မိကြဦးမှာပါ။ ဒီကိစ္စနဲ့ပက်သတ်ပြီး Chen အပေါ်နားလည်ပေးပြီးအားပေးခဲ့တဲ့ပရိတ်သတ်တွေအများအပြားရှိခဲ့ပေမယ့်လည်း ဆိုးဆိုးရွားရွားကန့်ကွက်ခဲ့သူအချို့လည်းရှိခဲ့ပါတယ်။

ဘယ်လောက်တောင်ဆိုးရွားလဲဆို Chen ကို EXO အဖွဲ့ကထုတ်ပေးဖို့ Social Media မှာရော အပြင်မှာပါ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ ဒီလိုလူမျိုးတွေဘယ်လိုများ သူတို့ကိုယ်သူတို့ ပရိတ်သတ်လို့ခေါ်ရတာပါလိမ့်နော်။ ဒါပေမယ့် SM Entertainment ကတော့ Chen ကအဖွဲ့နဲ့အတူဆက်လှုပ်ရှားသွားမှာပါဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။

Kwangjin (Former member of N.Flying)

Kwangjin ကတော့ပရိတ်သတ်တစ်ယောက်ကို မဖွယ်မရာပြောပြီး ဆက်ဆံခဲ့တာကြောင့် အခြားပရိတ်သတ်တွေကပါ သူတို့ဆက်ဆံခံခဲ့ရတဲ့ပုံတွေကိုပြောပြကြရင်းဝေဖန်ခံခဲ့ရတာပါ။ ပရိတ်သတ်တစ်ယောက်တင်ထားတဲ့အတိုင်းဆို Kwangjin ကပရိတ်သတ်တွေကို ဆွဲဆောင်ပြီး Date ဖို့ခေါ်တတ်ပါတယ်တဲ့။

ဒါ့အပြင်သူ့ပရိတ်သတ်မိနကလေးတစ်ယောက်ကို ပြည့်တန်ဆာအိမ်မှာရှိနေရမှာလိုတောင် သူငယ်ချင်းတွေကြားမှာပြောဖူးပါတယ်တဲ့။ ဒီအတိုင်းသာမှန်ရင်တော့ သာမန်ယောက်ျားလေးတစ်ယောက်ကတောင် မိန်းကလေးအပေါ်မသုံးသင့်တဲစကားကို idol က ပရိတ်သတ်အပေါ် သုံးနှုန်းခဲ့တာပါ။

အခြားပရိတ်သတ်တစ်ယောက်ဆို Kwangjin ကသူ့ကို Fansign တစ်ခုမှာခန္ဓာကိုယ်ချင်းတောင်ထိဖို့ကြိုးစားခဲ့ပြီး မိန်းကလေးမှာ ရည်းစားရှိတာတောင် date လုပ်ဖို့လည်းခေါ်ခဲ့ပါတယ်တဲ့။ ဒါတွေပျံ့နှံ့ပြီးနောက်မှာ ပရိတ်သတ်တွေက သူ့ကိုအဖွဲဲ့ထဲကထုတ်ဖို့ဆန္ဒပြခဲ့ကြပြီး မကြာခင်မှာပဲ သူကိုယ်တိုင်အဖွဲထဲကထွက်သွားခဲ့ပါတယ်။

၃။ Moon Hae Jun (former member of H.O.T)

၂၀၁၇ ခုနှစ်မှာတော့ Moon Hae Jin ရဲ့ပရိတ်သတ်အချို့က သူ့ကိုဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့အဆိုအရ ဆန္ဒပြရလောက်တဲ့အကြောင်းရင်းအများကြီးရှိပါတယ်တဲ့။ အဲဒီထဲကတစ်ခုကတော့ သူကပရိတ်သတ်တွေကို ရိုင်းရိုင်းပျပျဆက်ဆံဖူးလို့ပါတဲ့။

တစ်ခါကပရိတ်သတ်တစ်ယောက်က အလုပ်ကြောင့် သူ့ရဲ့ပွဲတစ်ခုကိုမလာနိုင်ကြောင်းပြောတာကို Moon Hae Jun ကနားရက်လေးတောင်မပေးတဲ့နေရာမှာဘာလို့လုပ်နေသေးလဲဆိုပြီး ပြန်ပြောခဲ့ပါတယ်တဲ့။

Sungmin and Kangin (Super Junior)

ဒီကိစ္စမှာတော့ Sungmin နဲ့ Kangin တို့နှစ်ဦးကိုအဖွဲ့ထဲကထုတ်ပေးဖို့ ပရိတ်သတ်အချို့ကဆန္ဒပြခဲ့ကြတာပါ။ ဒီလိုဆန္ဒပြကြတာဟာသူတို့ရဲ့အတိတ်ကပြဿနာတွေနဲ့ပတ်သက်နေပြီး Sungmin ဆိုသူ့ရဲ့လက်ထပ်ပွဲကိစ္စနဲ့ပတ်သက်ပြီးကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့လို့ဆိုပြီး အပြစ်ပြောခဲ့ကြပြီး Kangin ကတော့ အရက်မူးနေတဲ့အချိန်ကားမောင်းခဲ့လို့ပါတယ်။ ဒါ့အပြင်သူ့ရဲ့ချစ်သူမိန်းကလေးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဖူးတယ်လို့လည်း ပြောခဲ့ကြပါတယ်။

Source : Koreaboo
Written : Helra

Share