Categories: Celebrity News

ချစ်သူရဲ့ခွေးလေးမွေးနေ့ကို တယုတယကျင်းပပေးခဲ့တဲ့ ချစ်တတ်သူကြီး Sooyoung

Kpop လောကမှာ Girls’ Generation အဖွဲ့ဝင် Sooyoung နှင့် Jung Kyung Ho တို့အတွဲကို မသိတဲ့သူမရှိသလောက်ပါပဲ။ နှစ်ယောက်စလုံးရဲ့ချစ်သူသက်တမ်းဟာ ကြာနေပြီဖြစ်သလို အခြားသူတွေအားကျလောက်ပင် တစ်ယောက်နှင့်တစ်ယောက်ချစ်တတ်ကြတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။

အခုလည်း Sooyoung ကချစ်သူဖြ်သူ Jung Kyung Ho ရဲ့ခွေးလေးမွေးနေ့ကို သေသေချာချာပြင်ဆင်ပြီး ကျင်းပပေးခဲ့ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့မှာ Jung Kyung Ho ဟာသူ့ရဲ့ Instagram မှာ သူရဲ့ခွေးလေးတွေအတွက် မွေးနေ့ကိတ်ပုံကို တင်ခဲ့ပါတယ်။

Jung Kyung Ho ၏ခွေးလေးတွေဖြစ်တဲ့ Ho-young နှင့် Ae-bong တို့ရဲ့ပုံအတိုင်း ကိတ်မုန့်ကို အလှဆင်ထားတာကို တွေ့ရပါတယ်။ ဒီပုံကိုကြည့်ခြင်းအားဖြင့် Jung Kyung Ho တစ်ယောက်ကတော့ သူခွေးလေးတစ်ကောင်ရဲ့ မွေးနေ့ကိုထူးထူးဆန်းဆန်းလေး ကျင်းပနေတဲ့ပုံပါပဲ။

သြဂုတ်လ ၁၉ရက်နေ့မှာလည်း Sooyoung ကသူမရဲ့ Instagram မှာပါသူမရဲ့ချစ်ချစ်၏ ခွေးလေးတွေရဲ့ပုံကိုတင်ပြီး မွေးနေ့ပွဲကို ကျင်းပပေးခဲ့ကြောင်း အမှတ်တရအနေနှင့် တင်ထားပါတယ်။

ခွေးရဲ့နာမည်ဖြစ်တဲ့ Ho Young ဆိုတာဟာလည်း သူမနှင့်ချစ်သူဖြစ်သူ Jung Kyung Ho ဆီမှ နာမည်တစ်လုံးစီကိုယူခဲ့ပြီး အမည်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ရဲ့ Instagram မှဓာတ်ပုံတွေကို ကြည့်ပြီးတော့ ပရိတ်သတ်တွေက သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှု၊ သူတို့နှစ်ဦးကြားက အချစ်ရေး ခိုင်မြဲမှုတို့ကို တွေ့လိုက်ရတယ်လို့ဆိုပါတယ်။

ကြံဖန်Roတတ်တဲ့ ဒီစုံတွဲဆီကလည်း ဘယ်အချိန် မင်္ဂလာသတင်းကြားရမလဲ ဆိုတာကို ပရိတ်သတ်တွေက နားစွင့်နေကြပါတယ်။ ပရိတ်သတ်ကြီး သူတို့အတွဲရဲ့ အချစ်ရေးကို ဘယ်လိုမြင်မိပါသလဲ။မိမိရဲ့ထင်မြင်ချက် တစ်ခုခုကို ပြောပြခဲ့ပါဦး။

Source: SBS star
Written: Phoo Phoo

Share