Categories: Celebrity News

GOT7 ရဲ့ Just Right MV ကို ကူးယူခဲ့တယ်လို့ အပြောခံနေရတဲ့ အဆိုတော် Lyta

နိုင်ဂျီးရီးယားအဆိုတော် Lyta တစ်ယောက်တော့ GOT7 ရဲ့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Youtube ကြည့်ရှုသူ သန်း ၃၅၀ နီးပါးရှိနေတဲ့ Hit song တစ်ပုဒ်ဖြစ်တဲ့ Just Right MV ကို သိသာစွာကူးယူခဲ့တယ်ဆိုပြီး ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။

တူညီချက်တွေကတော့ တကယ့်ကို များပြားပြီး ငြင်းလို့မရနိုင်အောင် ထပ်တူကျလွန်းလှပါတယ်။ Lyta ကတော့ အသက် ၂၀ နှစ်အရွယ် Singer-songwriter ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပွဲဦးထွက်သီချင်းကစလို့ လူသိများကာ အောင်မြင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ Hold Me Down MV ကတော့ ထွက်ရှိခဲ့ပီး အချိန်ခဏအတွင်းမှာပဲ ကြည့်ရှုသူ ၃ သိန်းကျော်ရှိခဲ့ပါတယ်။ သို့သော်လည်း Kpop ပရိသတ်တွေကတော့ Hold Me Down နဲ့ GOT7 ရဲ့ Just right တို့ရဲ့ သိသာတဲ့ တူညီမှုတွေကို မကြာခင်မှာပဲ သတိပြုမိခဲ့ကြပါတယ်။

Just Right MV ကြည့်ဖူးပြီး Hold Me Down ကိုကြည့်တဲ့သူတိုင်းလည်း ထပ်တူကျလုနီးပါး တူညီမှုတွေကို သတိပြုမိကြမှာပါ။ Hold me down ရဲ့ အစကတော့ တောက်ပပြီး အရောင်စုံစွာအလှဆင်ထားတဲ့ အိပ်ခန်းထဲက မှန်တင်ခုံရှေ့မှာ မိန်းမပျိုလေးတစ်ယောက်ထိုင်နေပါတယ်။

သူမဟာ မိက်ကပ် ချယ်သနေစဉ်မှာပဲ မှန်တင်ခုံ အံဆွဲက လှုပ်လာခဲ့ပါတယ်။ ဒါ့ကြောင့် အံဆွဲကို ဖွင့်ကြည့်တဲ့အခါမှာတော့ Cushion make up ဘူးပေါ်မှာထိုင်ပြီး သီချင်းဆိုနေတဲ့ သေးငယ်တဲ့ Lyta ကိုတွေ့ခဲ့ရပါတယ်။

ထို့နောက် အခန်းရဲ့ အခြားဘက်စားပွဲပေါ်ကို ကြည့်လိုက်တဲ့အခါ Cereal box ရှေ့မှာ သီချင်းဆိုနေတဲ့ သေးငယ်တဲ့ Lyta ကိုမြင်ခဲ့ရပြီး Cereal box ကို မ,လိုက်တဲ့အခါမှာတော့ သေးငယ်တဲ့ Lyta နဲ့အတူကနေတဲ့ Dancers တွေကိုမြင်တွေ့ရပါတော့တယ်။

တကယ့်ကို အရမ်းချစ်စရာကောင်းတဲ့ Concept လေးပါ။ စိတ်မကောင်းစရာကတော့ သူတို့ရဲ့ Original idea မဟုတ်ခဲ့ပါဘူး။ GOT7 ရဲ့ Just right MV ကိုကြည့်ဖူးတဲ့သူတိုင်း ဖော်ပြသွားခဲ့ Scene တစ်ခုချင်းစီကို မှတ်မိနေမှာပါနော်။ တကယ့်ကို Scene တိုင်း Scene တိုင်းက ထပ်တူပါပဲ။

တောက်ပတဲ့ အိပ်ခန်းအပြင်အဆင်၊ မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့ မိန်းမပျိုလေး၊ Cushion ပေါ်မှာထိုင်ပြီး သီချင်းဆိုနေတဲ့ Jackson, Cereal box ရှေ့က Youngjae, Cereal Box ကိုမလိုက်တဲ့အခါပေါ်လာတဲ့ ကနေတဲ့ GOT7 အဖွဲ့ဝင်များ။ ပရိဘောဂ အထားအသိုနဲ့ Camera အယူအဆတွေကအစ ထပ်တူကို ဖြစ်နေတာပါ။

ဒါတင်မကသေးပါဘူး M&M style candy တွေက ခေါင်းပြူထွက်လာတဲ့ သေးငယ်တဲ့ လူလေး၊ မြင်းကျားရုပ်လေးပေါ်မှာထိုင်နေတဲ့ လူသေးလေးတစ်ယောက် မိန်းမပျိုလေးနဲ့ လက်ညှိုးချင်းထိလိုက်တာကအစ ချွတ်စွတ်ပါပဲ။ အတော်ကိုဆိုးရွားတဲ့ ပုံတူကူးချမှုကြီးပါ။

ကမ္ဘာအရပ်ရပ်က GOT7 ပရိတ်သတ်တွေကတော့ ဒေါသထွက်နေကြပြီး Lyta ရဲ့ MV အောက်မှ ထောက်ပြပြောဆိုနေကြပါတယ်။ ခုဆိုရင်တော့ Lyta တစ်ယောက် comment section ကိုပါ ပိတ်လိုက်ရပီပဲ ဖြစ်ပါတယ်။

JYP Entertainment ကိုလည်း ဒီကိစ္စကို စီစစ်ပေးဖို့တောင်းဆိုနေကြပြီး Lyta ကိုလည်း ဖြေရှင်းချက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ကြည့်ရှုလို့ရအောင် နှစ်ခုလုံးရဲ့ MV တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Koreaboo
Written: Gyi Gyi

Share