Categories: Celebrity News

Flower Of Evilဇာတ်လမ်းတွဲမှ Moon Chae Won ၏ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်များ၏နောက်ကွယ်

tvN မှထုတ်လွှင့်တဲ့ Flower Of Evil ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်တဲ့ Moon Chae Wonရဲ့ သရုပ်ဆောင်ချက်များဟာ လတ်တလောမှာတော့ ပရိတ်သတ်တွေကြားမှာ နာမည်ကြီးနေပါတယ်။
Flower Of Evil ဟာဆိုရင် စုံထောက်ဖြစ်သူအမျိုးသမီးမှ သူမရဲ့ယောကျ်ားဖြစ်သူကို ကွင်းဆက်လူသတ်သမားအဖြစ် သံယဝင်လာပြီးနောက်ပိုင်းမှာ ဖြစ်လာတဲ့ အိမ်ထောင်ရေးအခြေအနေများကို ဇာတ်အိမ်ခိုင်ခိုင်ဖြင့် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတစ်ခုလုံးကိုလည်း ရင်တလှပ်လှပ်ဖြင့် ကြည့်ရမည့် Drama ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ လတ်တလောမှာလည်း Flower Of Evil ဟာရေပန်းစားဆုံး ဖြစ်နေတဲ့ Drama တစ်ခုပါ။

မင်းသမီးဖြစ်သူ Moon Chae Won ဟာဆိုရင်လည်း သူမရဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ချီးကျူးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။ Moon Chae Won ဟာဆိုရင် ဇာတ်လမ်းတွဲတစ်ခုလုံးမှာ သူမရဲ့ခံစားချက် အတက်၊အကျများကို မြင်သာအောင် သရုပ်ဖော်နိုင်ခဲ့ပါတယ်။
ယောကျာ်းဖြစ်သူနဲ့ သမီးအပေါ် ချစ်ခင်တဲ့စိတ်၊ တဖက်ကလည်း စုံထောက်တစ်ယောက်ရဲ့ တာဝန်ကိုကျေပွန်လိုတဲ့စိတ် တို့ကြားမှာ Moon Chae Won တစ်ယောက် ဗျာများနေရပါတယ်။

ယောကျ်ားဖြစ်သူကိုချစ်ခင်ပင်မဲ့ ကိုယ့်ရဲ့ယောကျာ်းဖြစ်သူဟာ လူသတ်သမားဖြစ်နေမလားဆိုတဲ့ အတွေးဟာသူမကို အမြဲခြောက်လှန့်နေခဲ့ပါတယ်။ အဲ့လိုမျိုးခံစားချက်တွေကို ပေါ်လွှင်အောင် သရုပ်ဆောင်နိုင်ဖို့ Moon Chae Won ဟာသူမရဲ့ မျက်နှာအမူအရာ၊မျက်လုံးအကြည့် စတာတွေကိုပါအစ ကြိုးစားသရုပ်ဆောင်ခဲ့တာကို အားလုံးလည်းသတိထားမိကြမယ်လို့ ထင်ပါတယ်။

အဲ့လိုခံစားချက် အလေးကြီးတွေ သရုပ်ဆောင်ရတဲ့ Moon Chae Won ရဲ့ရိုက်ကွင်းနောက်ကွယ်မှ ပုံရိပ်တွေမှာတော့ သူမဟာပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဆိုတာကို တွေ့ရပါတယ်။ ဘယ်လောက်အထိ Emotional ဖြစ်တဲ့ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်ပြီးစေကာမှု သူမကတော့ အပြုံးမပျက်ပဲ ရိုက်ကွင်းမှာပျော်ပျော်ရွှင်ရွှင် ရှိနေတတ်ပါတယ်။

ဇာတ်လမ်းတွဲထဲမှာ သူမရဲ့သမီးအဖြစ်သရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်နှင့်လည်း အတူတူူပျော်ပျော်ရွှင်ရွှင် အဖော်ပြုပေးနေတာကိုလည်း တွေ့ရပါတယ်။ အဓိကသရုပ်ဆောင်ဖြစ်သည့်အလျောက် အလုပ်များပင်မဲ့ ရိုက်ကွင်းမှလုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများကို အမြဲတမ်း ပြုံးပန်းဝေအောင် ဖန်တီးပေးခဲ့တဲ့ Moon Chae Won ပါ။

ဒါ့ကြောင့်လည်း Flower Of Evil ရဲ့အောင်မြင်မှုဟာ သူမကြောင့်လည်းပါတယ်လို့ ပြောလို့ရပါမယ်။ ပရိတ်သတ်တွေရော Flower Of Evil ဇာတ်လမ်းတွဲနှင့် ပက်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ မိမိရဲ့အမြင်လေးကို မျှဝေပေးခဲ့ပါဦး။

Source: Soompi
Written: Phoo Phoo

Share