Categories: Celebrity News

အကျော်အမော် idol တွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်သားလေးများ

Kpop Idol တွေအားလုံးကတော့ ထူးခြားချက်ကိုယ်စီ ကိုယ်ပိုင်အရည်အချင်းကိုယ်စီကြောင့် အောင်မြင်ကြသူတွေပါ။ ဒီ idol တွေကတော့ ရုပ်ရည်ရော အရည်အချင်းတွေပါ ပြည့်စုံနေရုံသာမက သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကလဲ ကိုယ်ပိုင်အမှတ်အသားဖြစ်နေပြီး ပရိတ်သတ်တွေချစ်မဝဖြစ်နေရတာပါ။

Chanyeol (EXO)
EXO အဖွဲ့ရဲ့ Chanyeol လို့ပြောလိုက်ရင်တော့ သူ့ရဲ့မြင့်မားတဲ့အရပ် ခန့်ညားတဲ့ရုပ်ရည်နဲ့ ပြောင်မြောက်တဲ့ဂီတစွမ်းရည်အပြင် ပရိတ်သတ်တွေ ပြေးမြင်မိတာ တစ်ခုရှိပါတယ်။ ဒါကတော့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ နားရွက်ကားကားလေးတွေပါ။ ဒီနားရွက်လေးတွေကြောင့်ပဲ Chanyeol ဟာ ပိုချစ်စရာကောင်းနေသလိုပါပဲ။

Nayeon (Twice)
Twice အဖွဲ့ရဲ့ အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပေမယ့် ကလေးငယ်လေးလို ချစ်စရာကောင်းတဲ့ Nayeon မှာလဲ သူ့ရဲ့ချစ်စဖွယ်ကောင်းမှုကို အထောက်အပံ့ပေးနေတဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ ယုန်ကလေးနဲ့တူတဲ့ သူ့ရဲ့အသည်းယားဖွယ် ရှေ့သွားလေးနှစ်ချောင်းပါ။

Hwasa (Mamamoo)
သာမာန်အလှအပစံနှုန်းတွေက ခွဲထွက်နေတဲ့ တမူထူးခြားတဲ့အလှပိုင်ရှင်လေး Hwasa မှာလဲ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားလေးရှိပါတယ်။ ဒါကတော့ အခြား idol မိန်းကလေးတွေလို သွယ်လျမနေပဲ ကောက်ကြောင်းလေးနဲ့ ပြည့်ဖြိုးတဲ့ခြေထောက်လေးတွေပါ။

Felix (Stray Kids)
နာမည်လေးလဲ ဘိုဆန်တဲ့အပြင် သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားလေးကလဲ အလွန်ဘိုဆန်ပါတယ်။ ဖြူဖွေးပြီးအပြစ်အနာအဆာမရှိတဲ့ idol တွေကြားမှာ Felix ကတော့ သူ့မျက်နှာပေါ်က freckles လေးတွေနဲ့လဲ ခပ်မိုက်မိုက်နဲ့ တစ်မျိုးလေးကြည့်ကောင်းနေပါတယ်။

Minho (Shinee)
တောင်ကိုရီးယားရဲ့ အချောဆုံး idol တွေထဲမှာရော အခန့်ညားဆုံးမင်းသားတွေထဲမှာရော ပါဝင်တဲ့ Minho ကတော့ ကိုရီးယားလူမျိုးတွေမှာ မြင်ရခဲတဲ့ မျက်ခုံးမျက်လုံးမျိုးရှိပါတယ်။ နက်မှောင်ပြီး ကျယ်ဝန်းတဲ့မျက်ဝန်းတွေက သူ့ရဲ့ကိုယ်ပိုင်သင်္ကေတပါ။

Tiffany (Girls’ Generation)
Eye smile queen လို့ပြောလိုက်ရင်တော့ kpop ပရိတ်သတ်အများစုက Tiffany ကို ပြေးမြင်ကြမှာပါ။ နှုတ်ခမ်းလေးတွန့်ကွေးရုံမဟုတ်ပဲ စိတ်ပါလက်ပါပြုံးတတ်တဲ့ အပြုံးချိုချိုလေးနဲ့ Tiffany ရဲ့ ပြုံးလိုက်ရင် လခြမ်းကွေးလိုဖြစ်သွားတဲ့ မျက်လုံးလေးကတော့ တကယ်အသက်ပါပဲ။

Sunmi
Wonder Girls အဖွဲဝင်ဟောင်းဖြစ်သလို soloist အဖြစ်လဲ ကျော်ကြားတဲ့ Sunmi ဟာလဲ ရှည်လျားလှပတဲ့ခြေတံတွေကြောင့် နာမည်ကြီးပါတယ်။ အရပ် ၁၆၆ cm ရှိတဲ့ Sunmi ရဲ့ခြေတံတွေဟာ ၁၁၀ cm တောင်ရှည်တာမို့ သူ့ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၂ ပုံစာပါပဲ။

Shownu (MONSTA X)
ဘော်ဒီတောင့်တဲ့ idol တွေကြားမှာမှ ယောက်ျားလေးအချင်းချင်းတောင် အားကျရတဲ့ Shownu ရဲ့ ရင်ဘတ်ကြွက်သားတွေကတော့ ပြိုင်ဘက်ကင်းပါပဲ။ စင်ပေါ်မှာဖျော်ဖြေတဲ့အခါ သူ့ရင်အုပ်ကိုအမြဲလိုလို လှစ်ဟပြတတ်တာမို့ ရင်အုပ်လို့ပြောလိုက်ရင်ကို fan တွေက Shownu ကိုတန်းမြင်နေကြပါပြီ။

Daesung (Big Bang)
Daesung ကတော့ တစ်မူထူးခြားတဲ့ နှာခေါင်းပုံစံကိုပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ နှာခေါင်းဟာ fan တွေကြားမှာ နာမည်ကြီးလွန်းလို့ သူ့နှာခေါင်းပုံစံ ရေခဲခွက်တွေကိုတောင် ထုတ်လုပ်ရောင်းချဖူးပါသတဲ့။ တကယ်ကို ပေါက်ပေါက်ရှာရှာပါပဲ။

Hitomi (IZ*ONE)
IZ*ONE အဖွဲ့ဝင် ဂျပန်မလေး Hitomi ရဲ့ အများနဲ့မတူတဲ့အမှတ်အသားကတော့ ဆွဲဖျစ်ချင်စရာ ပါးဖောင်းဖောင်းလေးတွေပါပဲ။ ချစ်စရာကောင်းလွန်းတဲ့ ပါးလေးတွေကြောင့် သူ့ရဲ့နာမည်ပြောင်ကတော့ ပေါင်မုန့် tomi လို့ အဓိပ္ပာယ်ရတဲ့ Bbang-Tomi ပါတဲ့။

Source : Koreaboo
Written : Dar Dar

Share