Categories: Celebrity News

Idol တွေကို ဆွဲချဖို့ကြိုးစားခဲ့ပေမယ့် ရယ်စရာကောင်းစွာရှုံးနိမ့်ခဲ့ရတဲ့ Anti Fans တွေရဲ့ အဖြစ်များ

Anti fans ဆိုတာကတော့ ကိုယ်မုန်းတဲ့ idol တွေကို အချိန်ပြည့်မျက်စိထောက်ထောက် စောင့်ကြည့်နေပြီး အမှားလေးတစ်ခုတွေ့တာနဲ့ ပုံကြီးချဲ့ပြီး ထို idol ကို ရေဆုံးမြေဆုံး တိုက်ခိုက်ကြတော့တာပါပဲ။ ဒါပေမယ့် သမာသမတ်မကျတဲ့လမ်းစဉ်နဲ့ တိုက်ခိုက်တာကတော့ ဘယ်တော့မှ မအောင်မြင်တတ်ပါဘူး။ Idol တွေကို နာမည်ဖျက်ဖို့ ဒုက္ခပေးဖို့ ကြိုးစားပေမယ့် ရှက်စရာကောင်းစွာနဲ့ရှုုံးနိမ့်ခဲ့ရတဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Chen ကို အဖွဲ့ကထုတ်ပေးဖို့ ဆန္ဒပြခြင်း


ရုတ်တရက်ထွက်ပေါ်လာတဲ့ Chen ရဲ့ မင်္ဂလာသတင်းဟာ EXO-L တွေအတွက် shock အကြီးကြီးရခဲ့ပြီး စိတ်မကောင်းဖြစ်စရာသတင်းဖြစ်ခဲ့သလို အချို့တွေအတွက်လဲ Chen ကို ဆွဲချလို့ရမယ့် အကွက်ဖြစ်ခဲ့ပါတယ်။

ထိုသတင်းထွက်ထွက်ချင်းပဲ Chen ကို EXO ကထွက်သွားဖို့ ဆန္ဒပြပွဲလုပ်မယ်လို့ ကြေညာခဲ့ကြလို့ EXO-L တွေ စိတ်ပူခဲ့ကြရပေမယ့် တကယ်တမ်းဆန္ဒပြတဲ့လူအရေအတွက်က လက်ချိုးရေလို့တောင်ရလို့ သူတို့ရဲ့အကြံအစည်ဟာ အထမမြောက်ခဲ့ပဲ EXO-L တွေ လှောင်ရယ်တာသာ ခံခဲ့ရပါတယ်။

၂။ BTS ကိုနာမည်ဖျက်ဖို့ ကြိုးစားပေမယ့် ကိုယ်သာနာမည်ပျက်သွားတဲ့အခါ


လေဆိပ်မှာ မင်းသားကြီး Im Chang Jung နဲ့ အတူတွဲရိုက်ထားတဲ့ပုံမှာ BTS အဖွဲ့ဟာ တမင်ပို့စ်ပေးနေတာ အသိသာကြီးဖြစ်ပေမယ့် anti fan တစ်ယောက်ကတော့ BTS ဟာ သူတို့ထက်အများကြီး စီနီယာကျတဲ့ အနုပညာရှင်ကဓာတ်ပုံရိုက်နေတာတောင် လျစ်လျူရှုပြီး မသိချင်ယောင်ဆောင်တယ်လို့ စွပ်စွဲခဲ့တာပါ။

ဒါပေမယ့် ကာယကံရှင် မင်းသား Im Chang Jung တင်ထားတာကတော့ BTS အဖွဲ့ဟာ အရမ်းသဘောကောင်းပြီး လေဆိပ်မှာ fan တွေ ပွက်လောရိုက်နေတာတောင် သူနဲ့အတူဓာတ်ပုံရိုက်ပေးခဲ့တယ်လို့ ချီးကျူးစကားဆိုထားတာကြောင့် anti တွေလဲ ပါးစပ်ပိတ်သွားပါတယ်။

၃။ IZ*ONE ကို ရုပ်သံမှာမပါဝင်ဖို့ ဆန္ဒပြခဲ့ပေမယ့် KBS က အဖက်မလုပ်တဲ့အခါ


Produce 101 အစီအစဉ်တွေရဲ့ မဲမမှန်ကန်တဲ့ပြဿနာတွေ ဖြစ်ပွားအပြီးမှာ Produce အစီအစဉ်ကနေ ပွဲဦးထွက်လာခဲ့တဲ့ IZ*ONE ကိုလဲ KBS Music Bank ကနေ ban လိုက်ဖို့ လက်မှတ်ရေးထိုး ဆန္ဒပြခဲ့ကြပါတယ်။

‘မဲလိမ်တဲ့အဖွဲ့ကို ပြည်သူ့အခွန်နဲ့လည်ပတ်တဲ့ နိုင်ငံရဲ့ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသဖို့ မသင့်တော်ဘူး’ လို့ အကြောင်းပြချက်ပေးခဲ့ပေမယ့် ၄ ရက်အတွင်း လက်မှတ်ထိုးသူ ၅၀၀၀ သာရှိပြီး အထမမြောက်ခဲ့သလို KBS ကလဲ ဂရုမစိုက်ခဲ့ပါဘူး။

၄။ Mina ကို loser ဖြစ်စေချင်ပေမယ့် ကိုယ်က loser ပြန်ဖြစ်သွားတဲ့အခါ


Twice အဖွဲ့ဝင် Mina နဲ့ GOT7 အဖွဲ့ဝင် Bam Bam တို့ရဲ့ ဓာတ်ပုံတစ်ပုံ ပျံ့နှံ့လာပြီးနောက်မှာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို JYP Entertainment က ရည်းစားတွေ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့တာတောင် anti တွေက လက်မလျှော့ခဲ့ပါဘူး။

TWICELAND merchandise တွေဝယ်ယူတဲ့အခါမှာ Mina နဲ့ ပတ်သတ်တာတွေ မဝယ်ပဲ အဲ့ဒီဓာတ်ပုံကြောင့် Mina တစ်ယောက် နာမည်ကျသွားတာလို့ သက်သေပြဖို့ကြိုးစားပေမယ့် မဝယ်တာက လူနည်းစု ဝယ်ချင်တာက လူများစုဖြစ်တာကြောင့် Mina ရဲ့ merchandise တွေကတော့ sold out မြဲပါပဲ။

၅။ Jennie ကို ရိုင်းတယ်လို့စွပ်စွဲချင်ပေမယ့် တကယ်ရိုင်းတာက ကိုယ်ဖြစ်နေတဲ့အခါ


As If It’s Your Last MV ထဲမှာ ပါဝင်တဲ့ Jennie ရဲ့ရေခဲမုန့်ကားလေးနဲ့ BLINK တွေကို ရေခဲမုန့်တစ်ခါကျွေးခဲ့ဖူးပါတယ်။ ပြဿနာကတော့ anti တစ်ယောက်ဟာ ရေခဲမုန့်ကားပေါ်က စာသားအချို့ကို ညစ်ညစ်ပတ်ပတ် စာသားတွေနဲ့ photoshop လုပ်ပြီး online မှာ ဖြန့်ခဲ့တာပါ။

ဒါပေမယ့် BLINK တွေကလဲ ခေသူမဟုတ်တော့ ရေခဲမုန့်ကားရဲ့ပုံအစစ်ကို ပြန်တင်ခဲ့တာကြောင့် anti လေးခမျာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

Source : Koreaboo
Written : Dar Dar

Share