Categories: Celebrity News

မကြာခင် စစ်မှုထမ်းဆောင်ရတော့မယ့် Park Bo Gum

မကြာသေးခင်ကမှ Park Bo Gum ရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကနေ Park Bo Gum တစ်ယောက် ဩဂုတ်လ ၂၂ ရက်နေ့က စစ်မှုထမ်းဖို့စာရင်းပေးသွင်းပြီးပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

အေဂျင်စီထုတ်ပြန်ခဲ့တဲ့နေ့က ဩဂုတ်လ ၂၄ ရက်နေ့ဖြစ်ပြီး ၃၁ ရက်နေ့ဆိုရင် စတင်စစ်မှုထမ်းရတော့မှာပါတဲ့။ တာဝန်ထမ်းဆောင်ရမယ့်နေရာနဲ့အချိန်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဒါ့အပြင် ဒီလိုတာဝန်ထမ်းဆောင်တဲ့အခါ ပရိတ်သတ်တွေကလိုက်ပို့တတ်တာ ပုံမှန်ပေမယ့် အခုလတ်တလော တောင်ကိုရီးယားက Corona Virus အခြေအနေကြောင့် ပရိတ်သတ်တွေကို လူစုလူဝေဖြစ်စေမယ့် လိုက်လံပို့ဆောင်တဲ့ အခြေအနေမျိုးကို ရှောင်ကြဉ်ဖို့လည်း သတိပေးခဲ့ပါတယ်။

Park Bo Gum ရဲ့ စစ်မှုမထမ်းခင် အမုပညာလှုပ်ရှားမှုတွေအနေနဲ့ Record of Youth က တာဝန်မစခင် နောက်ဆုံးပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး သူ့ဘေးမှာအမြဲရှိပေးနေတဲ့ ပရိတ်သတ်တွေအတွက် All My Love ဆိုတဲ့သီချင်းလေးလည်းထုတ်ပေးခဲ့ပါတယ်။

သူပါဝင်ထားတဲ့Wonderland နဲ့ Seobok ဇာတ်လမ်းတွဲတွေကလည်းမကြာခင်ထွက်ရှိလာတော့မှာပါ။ သူ့က ၂၀၂၂ ဧပရယ်လ ထိတာဝန်ထမ်းဆောင်မှာဖြစ်လို့ လွမ်းနေရမယ့်မင်းသားတစ်ယောက်တော့ တိုးလာပြန်ပါပြီ။

Source: Koreaboo
Written: Helra

Share