Categories: Celebrity News

Covid 19 ဒုတိယလှိုင်းကြောင့် ရိုက်ကူးရေးရပ်ဆိုင်းထားလိုက်ပြီဖြစ်တဲ့ Running Man နှင့် All The Butlers

Running Man နှင့် All The Butlers အစီအစဉ်ဟာဆိုရင် Covid-19 ကြောင့်ဖျက်သိမ်းထားရပါတယ်။ Running Man ဟာဆိုရင် ၂၃ ရက်နေ့မှာ ရိုက်ကူးဖို့စီစဉ်ထားပင်မဲ့ Covid-19 ကြောင့်ရိုက်ကူးရေးအားလုံး ရပ်တန့်လိုက်ပါတယ်။ All The Butlers ဟာဆိုရင်လည်း ဒီတစ်ပတ်ရိုက်ကူးရေးကို ဖျက်ထားလိုက်ပါတယ်။

ယခုလတ်တလောအခြေအနေမှာ တောင်ကိုရီးယားမှာ ရောဂါကူးစက်သူဦးရေ ပြန်တိုးလာတဲ့အတွက်ကြောင့် SBS ကနေပြီးတော့ သူတို့ရဲ့အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ပြီဆိုပြီး ကြေငြာထားလိုက်ပါတယ်။ အနုပညာရှင်တွေနှင့် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပြီးဖျက်သိမ်းလိုက်တာလို့လည်း ပြောထားပါတယ်။

တောင်ကိုရီးယားအစိုးရရဲ့ Social Distancing စည်းမျဉ်းတွေအတိုင်း လိုက်နာရတာလည်းဖြစ်တဲ့ အတွက်ကြောင့် ဘယ်အချိန်မှာ အစီအစဉ်တွေ ပြန်ရိုက်ကူးမလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူးတဲ့။

တောင်ကိုရီးယားမှာအခုဆိုရင်တော့ Covid ကြောင့်ရုပ်ရှင်ရိုက်ကူးရေးတွေ၊ Variety Show တွေဟာဆိုရင် ရိုက်ကူးရေးတွေ ရပ်နားထားရပါတယ်။ ပရိတ်သတ်တွေကတော့ ရိုက်ကူးရေးတွေရပ်နားထားရတဲ့အတွက် တော်တော်လေးလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

ဒါပေမဲ့ ရောဂါကြောင့်ဆိုတော့ အားလုံးကလည်း လက်ခံနားလည်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း လတ်တလောမှာ Covid က second wave အနေနှင့်ပြန်ထလာတာဖြစ်တဲ့အတွက် အားလုံးအပြင်မထွက်ကြပါနဲ့လို့ ပြောချင်ပါတယ်။

တကယ်လို့ မဖြစ်မနေထွက်ဖြစ်ရင်လည်း Mask တပ်ဖို့၊ လက်ဆေးဖို့ မမေ့ကြပါနဲ့နော်။ ကမ္ဘာသူ၊ကမ္ဘာသားအားလုံး ဒီရောဂါကပ်ဘေးကြီးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပါတယ်။

Source: Allkpop
Written: Phoo Phoo

Share