Categories: Celebrity News

HyunA ကိုအရမ်းချစ်တဲ့အကြောင်းတွေကို TVအစီအစဉ်တစ်ခုမှာပြောပြခဲ့တဲ့ DAWN

HyunA နှင့် DWAN ဆိုတာဟာ Kpop လောကမှာ ပရိတ်သတ်တွေကို ပေါ်ပေါ်တင်တင်ချပြထားတဲ့ ချစ်သူစုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့် Idol တွေဟာသူတို့ရဲ့ အချစ်ရေးကိစ္စများကို လျိုဝှက်ထားလေ့ရှိပင်မဲ့ သူတို့နှစ်ဦးကတော့ Public ချပြထားပြီး ပရိတ်သတ်တွေကို တလေးတစားအသိပေးထားတဲ့ ချစ်သူစုံတွဲပါ။

အခုလည်း DAWN က “PJ Date Consulting” အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါခဲ့ပြီး Hyuna နှင့်သူ့ကြားက အချစ်ရေးအခြေအနေများကို ဖောက်သည်ချခဲ့ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ကထုတ်လွှင့်တဲ့ Park Na Rae နှင့် Jang Do Yeon တို့ရဲ့အစီအစဉ်မှာ DAWN ဟာ Hyuna နှင့်အချစ်ရေးအတွင်းကျကျအထိကို မေးမြန်းအကြံပေးတာကို ခံခဲ့ရပါတယ်။

ထိုအစီအစဉ်ရဲ့ ပင်တိုင်အဖွဲ့ဝင်ဖြစ်သူ Park Na Rae က ” Hyuna နှင့် DAWN တို့အတွဲကိုအရမ်း အားကျမိတယ်။ ကျွန်မချစ်သူရရင်လည်း သူတို့အတွဲလိုမျိုး ဖြစ်ချင်တယ်” ဆိုပြီးပြောခဲ့ပါတယ်။

ထို့နောက်အစီအစဉ်တင်ဆက်သူတွေက DAWN ကို Hyuna နဲ့ချိန်းတွေ့စဉ်က အတွေ့အကြုံတွေ မေးခဲ့ကြပါတယ်။ ဘယ်လိုနေရာမျိုးတွေသွားရတာကြိုက်လဲ၊ ဘယ်လိုပုံစံချိန်းတွေ့လည်းလို့ မေးမြန်ကြရာမှာတော့ DAWN က “ကျွန်တော်က HyunA နောက်ပဲစုံလိုက်တာ။

သူသွားတဲ့နေရာကိုပဲ လိုက်တာ။ အဲ့လိုနှစ်ယောက်ဆုံကြပြီဆိုရင်လည်း ကျွန်တော်က တိတ်ဆိတ်တဲ့နေရာလေးတွေမှာ အချိန်ကုန်ရတာကြိုက်တယ်။” ဆိုပြီး အဖြေပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Hyuna စိတ်ကောက်တတ်တဲ့ အရာတွေနှင့် ပက်သက်ပြီးတော့လည်း DAWN က ” Hyuna ကအဲ့လို အကျီင်္လှလှပပလေးတွေ ဝတ်ပြီးထွက်လာရင် ကျွန်တော့်ဆီက ချီးကျူးတဲ့အသံကို အရမ်းကြားချင်တယ်။

ကျွန်တော်ကလည်း အဲ့လိုနုနုရွရွတွေဆို သိပ်မပြောတတ်ဘူး။ အာ့ကြောင့်မို့အရင်တုန်းကဆို အဲ့လိုကိစ္စလေးတွေကြောင့် စိတ်ကောက်ဖူးတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။ နောက်ဆုံးအနေနှင့် ဖုန်းထဲမှာတစ်ယောက်ရဲ့ဖုန်းနံပါတ်ကို ဘယ်လိုနာမည်နဲ့ သိမ်းထားကြလဲလို့ မေးမြန်းရာမှာတော့ DAWN က ” ကျွန်တော်က Hyuna ကိုဖုန်းထဲမှာ Boss ဆိုပြီးမှတ်ထားတာဗျ” ဆိုပြီးဖြေခဲ့ပါတယ်။

သူ့ရဲ့အဖြေကြောင့် အစီအစဉ်တင်ဆက်သူနှစ်ယောက်လည်း ပွဲကျခဲ့ရပါတယ်။ ဒါတွေကိုကြည့်ပြီး ပရိတ်သတ်တွေကတော့ DAWN တစ်ယောက် Hyuna အပေါ်မှာ ဘယ်လောက်ထိ အလေးအနက်ထားကြောင်း တွေ့နေရတယ်ဆိုပြီး ပြောကြပါတယ်။

DAWN ရဲ့ပုံစံကိုကြည့်မယ်ဆိုရင် အေးစက်စက်နေတတ်တဲ့ပုံ တွေ့ရပင်မဲ့ Hyuna ကိုချစ်ချက်ကတော့ အံသြစရာပါပဲ။ ပရိတ်သတ်တွေကတော့ သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းကို ဘယ်တော့ကြားရမလဲဆိုပြီး နားစွင့်နေကြပါတယ်။ အခုလိုမျိုး အရမ်းချစ်ကြတဲ့ စုံတွဲလည်း သေတမန်သက်တဆုံး အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: SBS Star
Written: Phoo Phoo

Share