Categories: Celebrity News

ထိပ်တန်း girl group တွေရဲ့ တစ်ပတ်အတွင်း အများဆုံးရောင်းချနိုင်ခဲ့တဲ့ album များ

Album ရောင်းရနှုန်းဟာ kpop အဖွဲ့တွေရဲ့ အောင်မြင်မှုနဲ့ ပရိတ်သတ်အားပေးမှုကို တိုင်းတာတဲ့အခါမှာ အဓိကသော့ချက်လဲ ဖြစ်ပါတယ်။ ထွက်ရှိပြီး ပထမအပတ်မှာ အများဆုံးရောင်းချခဲ့ရတဲ့ မိန်းကလေးအဖွဲ့အယ်လ်ဘမ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁၀။ HEART*IZ (IZ*ONE)
ပွဲဦးထွက်ထွက်ချင်းမှာပဲ အောင်မြင်မှုရရှိခဲ့တဲ့ IZ*ONE အဖွဲ့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ HEART*IZ ကတော့ ဧပြီလ ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့ပြီး ထွက်ရှိပြီးပထမအပတ်မှာတင် အချပ်ရေပေါင်း 131.1K ခန့် ရောင်းခဲ့ရပြီး နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိအချိန်မှာလဲ 294.5K ချပ်ရေ ရောင်းချထားပါသေးတယ်။

၉။ Purpose (Taeyeon)
Girls’ Generation အဖွဲ့ဝင် Taeyeon ရဲ့ တစ်ကိုယ်တော်အနေနဲ့ ဒုတိယအကြိမ်ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ဖြစ်တဲ့ Purpose မှာ ပါဝင်တဲ့သီချင်းတွေကလဲ အောင်မြင်ခဲ့သလို အယ်လ်ဘမ်ကလဲ တစ်ပတ်အတွင်းမှာ အချပ်ရေပေါင်း 132.8K ရောင်းချခဲ့ရပြီး အခုချိန်ထိ 222.7K ရောင်းချထားခဲ့ရပါတယ်။

၈။ Kill This Love (BLACKPINK)
၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ ဒုတိယမြောက် mini album ဖြစ်တဲ့ Kill This Love ရဲ့ ပထမတစ်ပတ်တာအတွင်းရောင်းအားကတော့ အချပ်ရေပေါင်း 146K ပါ။ လတ်တလောအချိန်ထိလဲ အချပ်ရေပေါင်း 371.6K ခန့် ရောင်းချနိုင်ခဲ့ပါတယ်။

၇။ Love Poem (IU)
တစ်ကိုယ်တော် အမျိူးသမီးအဆိုတော်တွေထဲမှာအယ်လ်ဘမ် ရောင်းအားအမြင့်ဆုံးအဖြစ်ရပ်တည်နေတဲ့ IU ရဲ့ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Love Poem အယ်လ်ဘမ်ကလဲ ပထမဆုံးအပတ်မှာ အချပ်ရေပေါင်း 147.9K နဲ့ ဒီစာရင်းရဲ့ နံပါတ် (၇) နေရာမှာ ရပ်တည်နေပါတယ်။

၆။ Fancy (Twice)
Fancy သီချင်းဟာ လူတကာပါးစပ်ဖျားမှာ ရေပန်းစားခဲ့သလို ထိုသီချင်းပါဝင်ခဲ့တဲ့ Fancy အယ်လ်ဘမ်ကလဲ ဧပြီလ ၂၃ ရက် ၂၀၁၉ ခုနှစ် စတင်ဖြန့်ချိတဲ့အပတ်မှာတင် အချပ်ရေပေါင်း 151K ရောင်းထွက်ခဲ့ပါတယ်။ အခုချိန်မှာတော့ အချပ်ရေပေါင်း 414K ရောင်းချပြီးပါပြီ။

၅။ Feel Special (Twice)
ထွက်ရှိသမျှ အယ်လ်ဘမ်တိုင်းလိုလို အောင်မြင်ပြီး ရောင်းအားမြင့်လေ့ရှိတဲ့ Twice အဖွဲ့ရဲ့ စက်တင်ဘာ ၂၃ ရက်နေ့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Feel Special အယ်လ်ဘမ်ကလဲ ပထမဆုံးရောင်းချတဲ့ အပတ်မှာ အချပ်ရေပေါင်း 154K ရောင်းထွက်ခဲ့ပါတယ်။

၄။ How You Like That (BLACKPINK)
BLACKPINK အဖွဲ့ရဲ့ ဒီနှစ် ဇူလိုင်လ ၁၇ ရက်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ How You Like That အယ်လ်ဘမ်ကလဲ ကမ္ဘာတစ်လွှားမှာ အောင်မြင်မှုရရှိခဲ့သလို စတင်ဖြန့်ချိတဲ့အပတ်မှာပဲ အချပ်ရေပေါင်း 204.3K တောင် ရောင်းချခဲ့ရပါတယ်။

၃။ More & More (Twice)
Twice ရဲ့လတ်တလော နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ဖြစ်တဲ့ More & More ဟာလဲ ထွက်ရှိတဲ့ ပထမအပတ်မှာတင် 332.4K ရောင်းအားနဲ့ တတိယနေရာမှာစံချိန်တင်ထားသလို လတ်တလောအချိန်ထိ အချပ်ရေပေါင်း 563.6K ရောင်းရပြီး မိန်းကလေးအဖွဲ့တွေထဲမှာ ရောင်းအားအမြင့်ဆုံးပါ။

၂။ BLOOM*IZ (IZ*ONE)
IZ*ONE အဖွဲ့ ထွက်ရှိသမျှအယ်လ်ဘမ်တွေရဲ့ ပထမအပတ်ရောင်းအားကတော့ ကြောက်ခမန်းလိလိပါပဲ။ ဖေဖော်ဝါရီလ ၂၀၂၀ ကထွက်ရှိခဲ့တဲ့ သူတို့ရဲ့တတိယမြောက်အယ်လ်ဘမ် BLOOM*IZ ကလဲ ပထမပတ်မှာ အချပ်ရေပေါင်း 356.3K ရောင်းထွက်ထားပါတယ်။

၁။ ONEIRIC DIARY (IZ*ONE)
ပထမအပတ်မှာ ရောင်းအားအမြင့်ဆုံး အယ်လ်ဘမ်ရဲ့ဇာတ်လိုက်ကတော့ IZ*ONE ပါပဲ။ ပထမအပတ်အတွင်းမှာပဲ 389.3K အချပ်ရေရောင်းချခဲ့ရပြီး ပထမပတ်အတွင်း ရောင်းအားအများဆုံး မိန်းကလေးအဖွဲ့ album အဖြစ်မှတ်တမ်းဝင်ခဲ့သလို ဇွန်လ ၁၅ ရက်နေ့ ၂၀၂၀ ကမှ ထွက်ရှိထားပေမယ့် လတ်တလောအချိန်ထိ မိန်းကလေးအဖွဲ့ အယ်လ်ဘမ်တွေထဲမှာ ဒုတိယရောင်းအားအများဆုံးလဲဖြစ်ပါတယ်။

Source: Koreaboo
Written: Dar Dar

Share