Categories: Celebrity News

House On Wheel မှာ Yeo Jin Goo ရဲ့ ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်မှုကို IU လက်ခံခဲ့တဲ့အကြောင်းအရင်း

House On Wheel ရဲ့ Producing Director တစ်ယောက်ဖြစ်တဲ့ Kang Koong က IU နဲ့ Yeo Jin Goo တို့ Show မှာပြန်လည်တွေ့ဆုံတဲ့အကြောင်းဒီလိုပြောပြခဲ့ပါတယ်။

ဒီအစီအစဉ်မှာ Sung Dong Il, Kim Hee Won, Yeo Jin Goo တို့ပါဝင်ပြီး သူတို့က ကိုရီးယားနိုင်ငံအနှံ့အပြားကိုလှည့်လည်ရင်း သူတို့အတွက် ထူးခြားတဲ့သူတွေကို ဧည့်သည်အဖြစ်ဖိတ်ခေါ်ရတဲ့ Show ပါ။

ဒီ Show ရဲ့ ဇူလိုင်လ ၂၃ ရက်နေ့အပိုင်းမှာ IU က ဧည့်သည်အနေနဲ့ပါဝင်ခဲ့ပါတယ်။ လူချစ်လူခင်များတဲ့ IU အတွက်တော့ ဒီအစီအစဉ်မှာ အသိနှစ်ယောက်တောင်ရှိပါတယ်။

တစ်ယောက်က Hotel Del Luna မှာတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Yeo Jin Goo နဲ့ Scarlet Heart Ryeo မှာတွေ့ခဲ့တဲ့ Sung Dong Il ပါ။ PD Kang Koong ကဒီအကြောင်းနဲ့ပက်သတ်ပြီး Yeo Jin Goo က IU ကိုဖိတ်ခေါ်ဖို့ကိုယ်တိုင်ကိုယ်ကျဆက်သွယ်ခဲ့တာပါလို့ပြောပြခဲ့ပါတယ်။

Show မတိုင်ခင် Interview မှာလည်း Yeo Jin Goo ကလွယ်လွယ်ကူကူ အကူအညီမတောင်းတတ်လို့ သူတောင်းလာတဲ့အခါမှာ အတတ်နိုင်ဆုံးကူညီပေးခဲ့တာပါလို့လည်း IU ကဖြေကြားခဲ့ပါသေးတယ်။

ဇာတ်လမ်းတွဲ (Hotel Del Luna) ရိုက်ကူးခဲ့တာ ကာလတွေမှာလည်း Yeo Jin Goo အပေါ်ကျေးဇူးတင်စရာတွေအများကြီးရှိခဲ့ပြီး ဒီလိုမျိုး ဖိတ်ခေါ်ပေးတာကျေးဇူးတင်ပါတယ်လို့လည်းပြောခဲ့ပါတယ်။

ဒီလိုပြန်လည်တွေ့ဆုံတာက Hotel Del Luna ပြီးတစ်နှစ်အကြာမှာဖြစ်ပြီး သူတို့နှစ်ယောက်ပြန်တွေ့ရလို့ ပျော်ရွှင်နေကြတာ သူတို့မျက်နှာမှာတောင်အတိုင်းသားတွေ့နေရတယ်လို့ ဒါရိုက်တာကပြောပြခဲ့ပါတယ်။

Yeo Jin Goo ကလည်း သူ့ဧည့်သည်မလေး IU ကိုဂရုစိုက်ဖို့ မငြီးမငြူ ပြေးလွှားလှုပ်ရှားနေခဲ့ပြီး IU ကလည်းတစ်လျှောက်လုံး ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်နေခဲ့ပါတယ်တဲ့။

သူတို့နှစ်ယောက်က ကောင်းမွန်တဲ့သူငယ်ချင်းသံယောဇဉ်ကိုကြည့်ရင်းတောင် အပျော်တွေကူးစက်ရတယ်လို့ လည်းဒါရိုက်တာကပြောပြခဲ့ပါတယ်။

လူမှုရေးနားလည်တဲ့ IU က ဧည့်သည်အနေနဲ့လာတာတောင် သူမမိဘတွေထည့်ပေးလိုက်တဲ့အစားအစာတွေကို ရိုက်ကူးရေးအဖွဲ့သားတွေအတွက်အိတ်ကြီးနှစ်အိတ်နဲ့ထည့်လာလို့ အားလုံးကအံ့ကြချီးကျူးခဲ့ရပါသေးတယ်။

Source : Soompi
Written : Helra

Share