Categories: Celebrity News

BLACKPINK နဲ့ Selena Gomez တို့ရဲ့ Ice-Cream သီချင်းသစ်ကို အကြိုခံစားခြင်း

ဩဂုတ်လ ၂၅ ရက်နေ့က BLACKPINK’s Jennie ရဲ့ Ice-cream သီချင်းအတွက် Teaser Poster ထုတ်ပေးခဲ့ပြီး Jennie ရဲ့ပန်းရောင်ဆံပင်တောက်တောက်လေးက ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

BLACKPINK အဖွဲ့နဲ့ Selena Gomez တို့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Ice-cream အတွက် ယခုလက်ရှိမှာ Jisoo, Jennie, Rosè တို့ရဲ့ Teaser ပုံတွေထွက်ရှိလာပြီးဖြစ်လို့ ကျန်ရှိနေတဲ့ အငယ်ဆုံလေး Lisa ပုံကိုလည်း ပရိတ်သတ်တွေ ရင်ခုန်စွာစောင့်နေရပါပြီ။

BLACKPINK ရဲ့ သီချင်းမှာ Featuring ဆိုပေးမယ့် ကမ္ဘာကျော်အဆိုတော်က Selena Gomez ဖြစ်ကြောင်းကို YG Entertainment က ဩဂုတ်လ ၁၂ ရက်နေ့ကအတည်ပြုပေးခဲ့တာဖြစ်ပြီး အနုပညာရှင်အချင်းချင်းကလည်း အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေလို့ ပရိတ်သတ်တွေအတွက်တော့ အိမ်မက်လေးတစ်ကယ်ဖြစ်လာသလိုပါပဲ။

ဩဂုတ်လ ၂၄ ရက်နေ့ကလည်း Teaser video အနေနဲ့ အနုပညာရှင်တွေကြားက video call လေးတစ်ခုကိုဖြန့်ဝေပေးခဲ့ပြီး ပရိတ်သတ်တွေကိုအပျော်တွေကူးစက်စေခဲ့ပါသေးတယ်။ ဒီ Single လေးကဩဂုတ်လ ၂၈ ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီမှာထွက်ရှိလာမှာဖြစ်လို့ အားပေးဖို့အဆင်သင့်ပဲလား?

Source : Koreaboo
Written : Helra

Share