ဩဂုတ်လ ၂၅ ရက်နေ့က Dramaland ရဲ့တာဝန်ရှိသူတစ်ဦးက Pyeonggang, Cut by the heart ဆိုတဲ့ ရှေးခေတ်ဇာတ်လမ်းတွဲသစ်မှာ Son Ye Jin နဲ့ Kang Ha Neul တို့ခေါင်းဆောင်အနေနဲ့ပါဝင်လာမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းက မင်းသမီး Pyeonggang နဲ့ Ondal တို့နှစ်ဦးအကြောင်းဖြစ်ရပ်မှန်ဖြစ်ပြီး စစ်သေနာပတိ Ondal နဲ့ မင်းသမီး Pyeonggang တို့ကြားကကြေကွဲစရာ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ Ondal ကို ကိုရီးယားပြည်သူအများစုက Pabo Ondal (အရူး Ondal) လို့ခေါ်ဝေါ်တတ်ပြီး ဒီဇာတ်လမ်းလေးက ကိုရီးယားကနာမည်ကြီးအိပ်ရာဝင်ပုံပြင်တစ်ခုပါတဲ့။
ဒီဇာတ်လမ်းမှာ Son Ye Jin က Go Ji Oh လိုအမည်ရတဲ့ Guguryeo မင်းဆက်ရဲ့ သမီးအကြီးဆုံးနေရာကပါဝင်သရုပ်ဆောင်သွားမှာပါ။ ၁၀ နှစ်အရွယ်ကတည်းက ဆုံးရှုံးခဲ့ရတဲ့မိခင်က တိုင်းပြည်ကချစ်တဲ့မင်းသမီးတစ်ဦးဖြစ်အောင်နေဖို့မှာခဲ့ပေမယ့် ကြီးလာတဲ့အခါ ကိုယ့်သဘောကိုယ်ဆောင်တဲ့ မင်းသမီးတစ်ဦးပဲဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာတော့ ပညာရှိ Go In Sung ကိုလက်ထပ်ဖို့ ငြင်းဆန်ခဲ့ပြီး Ondal ကိုရဲရဲဝံ့ဝံ့လက်ထပ်တဲ့အထိပါလုပ်ခဲ့တဲ့ မင်းသမီးတစ်ပါးပါ။ Kang Na Neul ကတော့ အိုမင်းနေတဲ့မိခင်နဲ့အတူတူ တောင်တန်းတွေကြားအခြေချနေထိုင်နေတဲ့ Ondal အဖြစ်ပါဝင်လာမှာပါ။
မင်းသမီးနဲ့လက်ထပ်ပြီးတော့လည်း ဒီနေရာမှာပဲ ဆက်လက်အခြေချခဲ့ပြီး မင်းသမီးက Ondal ကိုဘုရင်ကအသိအမှတ်ပြုတဲ့ စစ်သေနာပတိတစ်ဦးဖြစ်အောင် ဘယ်လိုအားပေးခဲ့သလဲဆိုတာ ကြည့်ရှုရမှာပါ။ နှစ်ယောက်လုံးက အထင်ကရဇာတ်ဆောင်တွေပဲမို့ ဘယ်လိုလိုက်ဖက်ညီညီ သရုပ်ဆောင်ကြမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
Source : Koreaboo
Written : Helra