Categories: Celebrity News

BoA ရဲ့ အနုပညာသက်တမ်း ၂၀ ပြည့်အတွက် ဂုဏ်ပြုခဲ့ကြတဲ့ SM အနုပညာရှင်များ

အာရှရဲ့ကြယ်လို့ တင်စားကြတဲ့ BoA ကတော့ အနုပညာသက်တမ်း အနှစ် ၂၀ ပြည့်သွားပီဖြစ်ပါတယ်။ BoA ရဲ့ အနုပညာသက်တမ်း ၂၀ ပြည့်အတွက် SM Entertainment မှ အနုပညာရှင်တွေကတော့ ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့မှာတော့ BoA ဟာ သူမရဲ့ Instagram နဲ့ Youtube မှတဆင့် သူမရဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ဩဂုတ်လ အစမှာလည်း SM Entertainment မှ BoA ရဲ့ သက်တမ်း ၂၀ ပြည့်အတွက် EXO မှ Baekhyun, BOL4 နဲ့ Red Velvet တို့ပါဝင်တဲ့ cover project ကို ပြုလုပ်ပေးခဲ့ပါသေးတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ TVXQ, NCT 127, H.O.T’s Kangta, မင်းသမီးချော Lee Yeon Hee, WayV, Red Velvet, ဟာသအနုပညာရှင် Lee Dong Woo, DJ တစ်ယောက်ဖြစ်တဲ့ TraxX အဖွဲ့ဝင် Ginjoo, J-Min, Girls Generation မှ Taeyeon, Sunny, Hyoyeon, Yuri, YoonA, EXO မှ Baekhyun, Chen, Chanyeol, Kai, Sehun, NCT Dream, SHINee မှ Onew နဲ့ Taemin နဲ့ Super Junior အဖွဲ့တို့မှ ဂုဏ်ပြုစကားများ ပါဝင်တဲ့ Video ကို SM Entertainment မှ ထွက်ရှိပေးခဲ့ပါတယ်။

ဒီ Video ထဲမှာတော့ SM အနုပညာရှင်တွေမှ BoA ဟာ သူတို့အတွက် စံပြအနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပုံ၊ BoA ကြောင့် အဆိုတော်တစ်ယောက် ဖြစ်စေခဲ့ပုံများနဲ့ BoA လို နှစ်ပေါင်းကြာမြင့်စွာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်လိုတဲ့အကြောင်း ပြောထားပါတယ်။

ဒါ့အပြင် BoA နဲ့ ရင်နှီးမှုတွေကိုလည်း ပြောသွားခဲ့ပြီး BoA ရဲ့ Hit သီချင်းဖြစ်တဲ့ No.1 ကိုလည်း သီဆိုရင်း BoA ဟာ သူတို့အတွက် No.1 ဖြစ်ကြောင်းလည်း ပြောသွားခဲ့ကြပါသေးတယ်။ တကယ့်ကို ချစ်စရာကောင်းတဲ့ SM မှ အနုပညာမောင်နှမတွေပါပဲ။

Congratulations, Asia’s Star BoA!

Source: Soompi
Written: Gyi Gyi

Share