Categories: Celebrity News

ချိုမြိန်တဲ့ Eye Smile လေးတွေကြောင့် နာမည်ကြီးတဲ့ K သရုပ်ဆောင်များ (အပိုင်း ၁)

တောင်ကိုရီးယားရဲ့ အလှအပစံနှုန်းတွေအရတော့ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကိုမှ လှတယ်လို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ရယ်လိုက်တာနဲ့ မျက်လုံးလေးမှေးသွားပြီး လခြမ်းကွေးလေးတွေလို ဖြစ်သွားတဲ့ မျက်ဝန်းပိုင်ရှင်လေးတွေရဲ့ ဆွဲဆောင်မှုကိုလဲ ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ ကြည့်လိုက်တာနဲ့ ရင်အေးသွားစေနိုင်တဲ့ eye smile ပိုင်ရှင် K သရုပ်ဆောင်တွေထဲကမှ အပိုင်း (၁) အဖြစ် အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

Park Seo Joon
ဗလတောင့်တောင့်နဲ့ ခန့်ချောကြီးဖြစ်ပေမယ့် ပြုံးလိုက်ရင်တော့ မျက်လုံးလေးတွေမှိတ်သွားပြီး ကလေးလေးလို ဖြူစင်လွန်းပါတယ်။ ဇာတ်လမ်းတွဲတွေမှာ Park Seo Joon တစ်ယောက် ပြုံးလိုက်တဲ့ ဇာတ်ဝင်ခန်းရောက်ရင် ကမ္ဘာတစ်ခုလုံးလင်းလက်သွားသလိုပါပဲ။

Park Min Young
အရာရာမှာပြီးပြည့်စုံပြီး အစိတ်အပိုင်းအားလုံး ငေးကြည့်ယူရအောင်လှတဲ့ Park Min Young ရဲ့ မျက်လုံးလေးလခြမ်းကွေးလိုဖြစ်သွားတဲ့ အပြုံးလေးကလဲ ရင်ထဲကိုအေးသွားစေပါတယ်။ အားရပါးရပြုံးတတ်တဲ့ သူ့ရဲ့အပြုံးလေးကြောင့်ပဲ romance queen ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်နေတာပါ။

Seo In Guk
သီချင်းဆိုကောင်းတာ သရုပ်ဆောင်ပိုင်နိုင်တာအပြင် Seo In Guk ရဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုကတော့ မျက်လုံးမှေးမှေးလေးတွေပါပဲ။ ပြုံးလိုက်တဲ့အခါ လုံးဝမှိတ်သွားတဲ့ မျက်လုံးလေးတွေကြောင့် သူ့ရဲ့အပြုံးဟာ ပိုပြီးအသက်ဝင်သွားသလိုပါ။

Kim Goeun
အခြားမင်းသမီးတွေနဲ့မတူပဲ ရိုးရှင်းတဲ့မျက်နှာလေးနဲ့ မဝိုင်းစက်ပေမယ့် နွေးထွေးတဲ့မျက်ဝန်းအစုံကို ပိုင်ဆိုင်တဲ့ Kim Goeun ဟာလဲ နှာခေါင်းလေးရှုံ့ပြီး မျက်လုံးလေးပိတ်သွားအောင် ပြုံးပြလိုက်တဲ့အခါ မြင်လိုက်ရတဲ့လူတိုင်း အရည်ပျော်ပြီး သူ့ကိုမချစ်ရမနေနိုင်အောင် ဖြစ်ရပါတယ်။

Chae Soo Bin
အရုပ်မလေးလို အပြစ်အနာအဆာမရှိ ချစ်စရာကောင်းလွန်းတဲ့ Chae Soo Bin လေးရဲ့ မျက်ဝန်းလေးတွေကလဲ ဒီတိုင်းဆိုရင် ကြယ်လေးတွေလို လင်းလက်နေတတ်ပြီး ပြုံးလိုက်တဲ့အခါ လခြမ်းလေးလို မြင်ရသူရင်ကိုအေးမြသွားစေပါတယ်။

Shin Min Ah
ကြည်လင်သန့်စင်တဲ့မျက်နှာလေးနဲ့ အပြစ်ကင်းတဲ့ အလှပိုင်ရှင်လေး Shin Min Ah ကလဲ ဘာမှမပြင်ဆင်ထားရင်တောင် သူ့ရဲ့အပြုံးလေးကိုဆင်မြန်းလိုက်တာနဲ့ ထည်ဝါသွားသူလေးပါ။ အသက် ၃၆ နှစ်ရှိတာတောင် Eye smile လေးကြောင့် ဆယ်ကျော်သက်လေးလို ချစ်စရာကောင်းနေတာပါ။

Lee Yi Kyung
ဘယ်လိုပြဿနာပဲကြံကြုံ မျက်လုံးလေးပိတ်သွားအောင်ပြုံးပြီး ‘ဂင်ချားနား ဂင်ချားနား’ လို့ ပြောတတ်တဲ့ သူ့ကိုတော့ အားလုံးသိကြမှာပါ။ သူပြုံးလိုက်တိုင်း ကြည့်ရှုသူတွေပါလိုက်ပြုံးနိုင်စေတဲ့ အသက်ပါတဲ့ eye smile လေးကြောင့်ပဲ သူ့ရဲ့ဟာသဇာတ်ရုပ်တွေကို ပိုမိုပီပြင်သွားသလိုပါပဲ။

ဒါကတော့ ရင်ကိုအေးမြစေတဲ့ ချိုမြိန်တဲ့ eye smile လေးတွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားထားတဲ့ K သရုပ်ဆောင်များ အပိုင်း (၁) ပါ။ ကျန်ရှိနေတဲ့ အပိုင်း (၂) ကိုလဲ မကြာခင်ဆက်လက်တင်ဆက်ပေးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။

Written: Dar Dar

Share