Categories: Celebrity News

ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာမှာ လုပ်အားပေးလုပ်နေခဲ့တဲ့ B.I

iKON ရဲ့ အဖွဲ့ဝင်ဟောင်း B.I ကို လွမ်းနေကြပြီလား? B.I (ခေါ်) Hanbin ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက လုပ်အားပေးအလုပ်တွေကို အားကြိုးမာန်တက် ပုံမှန်လုပ်နေခဲ့တာပါ။ ဒါကို B.I ရဲ့ ပရိသတ်တွေလည်း သတိထားမိနေကြမှာပါ။

မကြာသေးမီကပဲ ကလေးစောင့်ရှောက်ရေး ဂေဟာတစ်ခုမှာ Face Mask တွေကို လှူဒါန်းနေခဲ့တဲ့ B.I ကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် B.I ဟာ ဒီ ကလေးစောင့်ရှောက်ရေးဂေဟာရဲ့ ပုံမှန် လုပ်အားပေးတစ်ယောက် ပါတဲ့။

B.I ရဲ့ လုပ်အားပေး ပုံရိပ်တွေဟာ လူမှုကွန်ယက်တွေမှာလည်း ပျံ့နှံ့နေခဲ့ပြီး IIgan Spots လို့အမည်ရတဲ့ သတင်းဌာနကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပုံတွေမှာ ဆိုရင်တော့ ကလေးတွေအပေါ် ကြင်နာစွာနဲ့ လက်ဆောင်တွေ ပေးနေတဲ့ပုံကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

B.I ဟာ ကလေးတွေအပေါ်တင် ကြင်နာတတ်တာမဟုတ်ပါဘူး။ ယခင် သတင်းတွေအရ မိုးရွာနေစဉ်မှာ မိမိဆောင်းနေတဲ့ ထီးကို ပရိသတ်တစ်ယောက်အတွက်လည်း ပေးခဲ့ပါသေးတယ်တဲ့။ တကယ့်ကို ကြင်နာတ်တဲ့ B.I ပါပဲ။

Source: Koreaboo
Written: Gyi Gyi

Share