Categories: Celebrity News

BTS, NCT127, ITZY, Stray Kids နှင့်် SuperM တို့ရဲ့ Billboard’s World Albums Chart မှအဆင့်များ

တောင်ကိုရီးယားရဲ့ Kpop အဖွဲ့တွေဟာ ယခုနှစ်ပိုင်းတွေမှာဆိုရင်အနောက်နိုင်ငံရဲ့ Music Chart တွေမှာပါနေရာယူလာတာကို တွေ့ရမှာပါ။ Billboard ၏ World Albums Chartရဲ့ ထိပ်ဆုံးနေရာတော်တော်များမျမှာလည်း နေရာယူထားကြပါတယ်။

အခုလည်း သြဂုတ်လ ၂၉ ရက်နေ့အထိ Billboard ရဲ့ World Albums Chart မှာနေရာယူထားတဲ့ Kpop Idol အဖွဲ့တွေရဲ့ Ranking တွေ ထွက်လာခဲ့ပါပြီ။ BTS အဖွဲ့ရဲ့ “Map Of the Soul:7” ဟာဆိုရင် နံပါတတ် ၃ နေရာမှာရှိနေခဲ့တာ ၂၆ပတ်တိုင်တိုင် ရှိခဲ့ပါပြီ။

တောင်ကိုရီးယား Kpop boy band တစ်ခုအနေနှင့် အမြင်ဆုံးရှိမှာရှိနေတဲ့ Ranking တစ်ခုလည်း ဖြစ်ပါတယ်။ No.4 နေရာမှာလည်း BTS ရဲ့ Japanese Album ဖြစ်တဲ့ ” Map of the Soul:7 The Journey” ရှိနေပါတယ်။

No.5 မှာတော့ BTS ၏ “Love Yourself: Answer” ရှိနေတာ အခုဆိုရင် သတင်းပတ် ၁၀၅ ပတ်တောင်ရှိနေပါပြီ။ No.6မှာဆိုရင်တော့ NCT 127 ရဲ့ “Neo Zone” ကသတင်းပတ် ၂၄ ပတ်တိုင်ရပ်တည်ထားပါတယ်။

No.7 မှာတော့ BTS ရဲ့ “Map Of the Soul: Persona” ကပဲနေရာယူထားပြန်ပါတယ်။ No.8 နေရာမှာတော့ ITZY ရဲ့ “Not Shy” ကရရှိထားပါတယ်။ No.9 ကိုတော့ Stray Kids, No.10 ကိုတော့ BTS ရဲ့ “Love Yourself: Tear”, No.11 ကိုတော့ SuperM ရဲ့ The First Mini Album နှင့် No.12 မှာတော့ BLACKPINK ရဲ့ Kill This Love တို့ကအသီးသီး ရရှိထားကြပါတယ်။ ပရိတ်သတ်ကြီးအားပေးနေတဲ့ Idol အဖွဲ့တွေရောပါရဲ့လား။ Comments မှာတစ်ခုခု ပြောပေးခဲ့ပါဦး။

Source: Soompi
Written: Phoo Phoo

Share