Categories: Celebrity News

Jung Il Woo နဲ့အတူ နန်းတွင်းဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Yuri

Girls Generation မှ Yuri ရဲ့ ပထမဆုံး နန်းတွင်းနောက်ခံဇာတ်လမ်းတွဲကို ကြည့်ရမယ့် အလားအလာရှိနေပါပီ။ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ Yuri ဟာ ” Bossam – Stealing Fate” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

SM Entertainment ကတော့ Yuri ဟာ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့အကြောင်း အတည်ပြုပေးခဲ့ပြီး လက်ရှိမှာတော့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားနေတဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်။

“Bossam – Stealing Fate” ကတော့ တော်ဝင်မင်းသမီးတစ်ယောက်ကို အမှတ်မထင် ပြန်ပေးဆွဲမိတဲ့ လူတစ်ယောက်အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ Jung Il Woo ကိုတော့ ခေါင်းဆောင်မင်းသားနေရာအတွက် အတည်ပြုထားပြီး ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှာ ပြသသွားမှာ ဖြစ်တဲါအကြောငါးလည်း ကြေညာထားပါသေးတယ်။ Yuri နဲ့ ကိုရီးယားရိုးရာဝတ်ဆုံလေးနဲ့ကတော့ လိုက်ဖက်နေမှာ အသေအချာပါပဲ။ Yuri လက်ခံပါစေလို့ ဆုတောင်းနေပါတယ်နော်။

Source: Soompi
Written: Gyi Gyi

Share