Categories: Celebrity News

မရည်ရွယ်ပဲ မင်းသားမင်းသမီးဖြစ်လာကြတဲ့ တောင်ကိုရီးယားအနုပညာရှင် (၅) ဦး

တောင်ကိုရီးယားအနုပညာရှင်တွေထဲမှာ ကံအကျိုးပေးကြောင့် မမျှော်လင့်ပဲ အနုပညာရှင်ဖြစ်လာတဲ့သူတွေတောင်အများကြီးပါ။ အခုဖော်ပြပေးသွားမှာကတော့ ဒီအနုပညာရှင်တွေထဲက မမျှော်လင့်ပဲ မင်းသား မင်းသမီးဖြစ်လာသူတွေပါ။

၁။ Lee Jong Suk


Lee Jong Suk ဖြစ်ချင်ခဲ့တဲ့ ဆန္ဒကတော့ မင်းသားမဟုတ်ပဲ Idol ပါ။ သူက Rain ကိုကြည့်ပြီးအားကျခဲ့ပြီး idol ဖြစ်ချင်ခဲ့တာပါတဲ့။ Idol ဖြစ်လာအောင်လေ့ကျင့်ပးတဲ့ အေဂျင်စီတစ်ခုမှာတောင် trainee အဖြစ်လအတော်ကြာ လေ့ကျင့်ခဲ့ပြီး idol အဖြစ် debut ဖို့ မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် အဲဒီအေဂျင်စီကပေးထာတဲ့ကတိမတည်ပဲ အချိန်အတော်ကြာတဲ့အထိ debut မလုပ်ပေးခဲ့တာကြောင့် အေဂျင်စီကနေထွက်ခဲ့တာပါ။ ဒီနောက်မှာတော့သူနဲ့ကိုက်ညီတဲ့ သရုပ်ဆောင်အလုပ်ကိုရှာတွေ့ခဲ့တာကတော့ ပရိတ်သတ်တွေအတွက်​ရော Lee Jong Suk အတွက်ပါ ကံကောင်းခြင်းတစ်မျိုးပါပဲ။

၂။ Lee Yu Bi


Lee Yu Bi ကတော့ သူမ မင်းသမီးဖြစ်လာရတဲ့ ရိုးရှင်းတဲ့အကြောင်းပြချက်လေးကို ရှင်းရှင်းပဲ ဝန်ခံခဲ့ပါတယ်။ သူမရဲ့အဖြစ်ကတော့ ရယ်ရခက် ငိုရခက်ပါပဲ။ Vampire Idol သရုပ်ဆောင်တွေအတွက် audition ခေါ်တုန်းက သူမက စာဆက်မလုပ်ချင်တော့လို့ audition ဝင်ပြိုင်ခဲ့တာပါတဲ့။

ဒါပေမယ့် ပထမဆုံး audition မှာပဲအောင်မြင်ခဲ့ပြီး ဒီဟာသဇာတ်လမ်းတွဲနဲ့ပဲ အနုပညာလောကမှာ နေရာတစ်နေရာရလာလို့ သူမရဲ့ပါရမီနဲ့ကိုက်ညီတဲ့အလုပ်ကို ရှာတွေ့သွားတယ်လို့ ဆိုရမှာပါ။

၃။ Jun Ji Hyun


Jun Ji Hyun ကငယ်ငယ်တုန်းက လေယာဉ်မယ်တစ်ဦးဖြစ်ချင်ခဲ့တာပါတဲ့။ သူမရဲအရပ်ကြီးနဲ့ ကိုယ်ဟန်အနေအထားနဲ့ဆို လေယာဉ်မယ်အနေနဲ့လည်းမိမိုက်နေမှာပဲနော်။

ဒါ​ပေမယ့် သူမကြုံတွေ့ခဲ့ရတဲ့ လေယာဉ်နဲ့ပတ်သက်တဲ့အတွေ့အကြုံဆိုးတစ်ခုကြောင့် လေယာဉ်ခဏခဏစီးဖို့မဖြစ်နိုင်တော့လို့ ဒီအိမ်မက်ကိုလက်လျှော့ခဲ့ရတာပါ။

၄။ Lee Jae Yoon


Lee Jae Yoon ကတော့ငယ်ငယ်ကတည်းကနာမည်ကျော်ကြားတဲ့သူဖြစ်ဖို့ အိမ်မက်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သရုပ်ဆောင်အလုပ်နဲ့နာမည်ကြီးလာဖို့ဆိုတာတော့တွေးတောင်မတွေးဖူးခဲ့ပါဘူးတဲ့။ သူထင်ခဲ့တာက အားကစားသမားအနေနဲ့ပဲဖြစ်ဖြစ် အားကစားနဲ့ပတ်သက်တာတစ်ခုခုနဲ့ပဲဖြစ်ဖြစ်လူသိများမယ်လို့ပါ။

“ငယ်ငယ်ကတည်းက ထင်ရှားတဲ့သူဖြစ်ချင်ခဲ့ပြီး နိုင်ငံကိုကိုယ်စားပြုနိုင်တဲ့ သူမျိုးဖြစ်ချင်ခဲ့တာပါ။ မင်းသားဖြစ်ချင်တဲ့မျိုးတော့အထူးတလည်မရှိခဲ့ပေမယ့် အားကစားသမားဖြစ်ချင်ခဲ့ပါတယ်” လို့ပြောပြဖူးပါတယ်။

၅။ Lee Bo Young


Lee Bo Young ကတော့သတင်းတင်ဆက်သူဖြစ်ချင်ခဲ့တာပါ။ သူမက ၂၀၀၂ ခုနှစ်တုန်းက MBC ကသတင်းတင်ဆက်သူအသစ်တွေစုဆောင်းတုန်းကတောင် နောက်ဆုံးအဆင့်ထိပါလာခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ဆုံးအဆင့်မှာ သူမရွေးချယ်မခံခဲ့ရပါဘူး။

Source : Koreaboo
Writtenb : Helra

Share