GOT7 အဖွဲ့ဝင် Jinyoung နဲ့ မင်းသားကြီး Ji Sung တို့ပါဝင်ဖို့အတည်ပြုထားပြီးသားရုပ်ရှင်ဖြစ်တဲ့ Devil Judge ဇာတ်လမ်းတွဲမှာ It’s Okay To Not Be Okay ထဲမှာ သူနာပြုမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Park Gyu Young ပါ ပါဝင်လာမယ်လို့အတည်ပြုထားပါတယ်။
ဒီဇာတ်လမ်းတွဲက နောက်နှစ်အတွင်းမှာ tvN ရုပ်သံကတစ်ဆင့်ထုတ်လွှင့်သွားမှာဖြစ်ပြီး ဇာတ်လမ်းက အကြောင်းတစ်ခုကြောင့် လူပြောခံရစရာဖြစ်ခဲ့တဲ့ တရားသူကြီးနဲ့ ဒီတရားသူကြီးအကြောင်း စုံစမ်းနေသူတစ်ဦးအကြောင်းပါ။
ဒီဇာတ်လမ်းမှာ Park Gyu Young က Kim Ga On(Jinyoung) ရဲ့ငယ်ငယ်ကတည်းကရင်းနှီးလာပြီး Ga On ကိုသဘောကျနေတဲ့ ငယ်သူငယ်ချင်းမလေး Yoon Soo Hyun အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။
It’s Okay To Not Be Okay မှာနာမည်ရပြီးနောက် ပထမဆုံး ခေါင်းဆောင်မင်းသမီးအနေနဲ့ရိုက်ကူးတာဖြစ်ပြီး Jinyoung, Jisung စတဲ့မင်းသားကောင်းတွေလည်းပါဝင်လို့ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လာမှာပါ။
Source: Koreaboo
Written: Helra