Categories: Celebrity News

မင်္ဂလာပွဲရက်ရွှေ့ဆိုင်းလိုက်တဲ့ TVXQ ရဲ့ Changmin

TVXQ ရဲ့ Changmin ကတော့ Covid-19 ရဲ့ outbreak ကြောင့် လုံခြုံရေးအတွက် မင်္ဂလာဆောင်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်ပွဲကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ Changmin ဟာ လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ Covid-19 ရဲ့ 2nd wave ကြောင့် မင်္ဂလာဆောင်ကို နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

သတို့သမီးလောင်းရဲ့ မိသားစုနဲ့ ဆွေးနွေးပြီး နေ့ရက်အသစ် ရွေးဖို့စဉ်းစားထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို SM Entertainment မှလည်း အတည်ပြုထားပါတယ်။ ခုဆိုရင်တော့ Changmin ဟာ Covid-19 ကြောင့် မင်္ဂလာပွဲရက်ရွှေ့ဆိုင်းခဲ့ရတဲ့ အနုပညာရှင်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့စီစဉ်ခဲ့တဲ့ မင်းသမီးချော Kang Sora လည်း ရွှေ့ဆိုင်းခဲ့ရပြီး၊ အောက်တိုဘာလမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ခဲ့တဲ့ မင်းသား Ryu Deok Hwan လည်း နောက်နှစ်အထိ မင်္ဂလာဆောင်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

Source: Soompi
Written: Gyi Gyi

Share