Categories: Celebrity News

Flower of Evil မှာသံသယတွေကြောင့် ပိုပြီးဝေးကွာကြတော့မယ့် Lee Joon Gi နှင့် Moon Chae Won

Suspense Triller ဇာတ်လမ်းတွဲဖြစ်တဲ့ Flower Of Evil မှာ Baek Hee Sung အဖြစ်သရုပ်ဆောင်ထားတဲ့ Lee Joon Gi နှင့် Cha Ji Won အဖြစ်သရုပ်ဆောင်တဲ့ Moon Chae Woon တို့ကတော့ ကိုရီးယား drama ကြည့်ရှုသူတွေရဲ့ ပါးစပ်ဖျားမှာ လတ်တလောတော်တော်လေးကို ရေးပန်းစားနေခဲ့ပါတယ်။

ဇနီးမောင်နှံအဖြစ် သရုပ်ဆောင်ကြတဲ့ Lee Joon Gi နှင့် Moon Chae Woonတို့ရဲ့ သရုပ်ဆောင်ချက်တွေကလည်း သူတို့နှစ်ယောက်ကြားက အချစ်နှင့်သံသယတွေကို ပရိတ်သတ်တွေမြင်အောင် ပြနိုင်ခဲ့ပါတယ်။

အတိတ်ကိုဖုံးကွယ်ပြီး ဇနီးသည်နှင့်သမီးလေးအပေါ်ကို ချစ်ပြနေခဲ့တဲ့ ခင်ပွန်းဖြစ်သူ Do Hyun Soo (Lee Joon Gi) အပေါ်မှာ သံသယတွေဝင်လာခဲ့တဲ့ Cha Ji Won (Moon Chae Woon)။ ခင်ပွန်းသည်ကို လူသတ်သမားဖြစ်နေမလားဆိုတဲ့ သံသယတွေနဲ့အမှန်ကို လိုက်လံရှာဖွေရင်း မရင်ဆိုင်ချင်တဲ့ ဖြစ်ရပ်မှန်တစ်ခုကို ကြုံတွေရတော့မှာလား?

အေးချမ်းနေတဲ့ မိသားစုဘဝလေးက အစစ်အမှန်မဟုတ်ပဲ အတုအယောင်လားဆိုပြီး ယုံကြည်လာခဲ့တဲ့ အတွက်ကြောင့်လည်း ခင်ပွန်းဖြစ်သူနဲ့ ဝေးကွားသထက်ဝေးကွာခဲ့တယ်။ ထုတ်လွှင့်ပြီးခဲ့တဲ့အပိုင်းမှာဆိုရင် Cha Ji Woon ဟာခင်ပွန်းသည် Do Hyun Soo ရဲ့လိမ်ညာမှုတွေကို သည်းမခံနိုင်တော့ပဲ ပေါက်ကွဲခဲ့ရတယ်။

ခင်ပွန်းသည်နှင့်ပက်သက်၍လည်း ပြတ်ပြတ်သားသားလုပ်တော့ရန် ဆုံးဖြတ်ခဲ့တယ်။ တဖက်မှာလည်း Do Hyun Soo ကတော့ ဇနီးသည်ဟာ သူ့ရဲ့အတိတ်ကဖြစ်ရပ်တွေကို သိနေခဲ့တာကို သိလိုက်ရတဲ့အတွက်လည်း အံသြတုံလှုပ်ခဲ့ရတယ်။

နောက်တစ်ပတ်ထုတ်လွှင့်မယ့် အပိုင်းမှာလည်း သူတို့နှစ်ယောက်ရဲ့ relationship ဟာအဆုံးသတ်မှာလား၊ ခိုင်မြဲနေဦးမလားဆိုတာကိုတော့ ရင်တထိပ်ထိပ်နဲ့ စောင့်ကြည့်ရမှာပါပဲ။ Flower Of Evil အပိုင်းသစ်ကိုတော့ သြဂုတ်လ 27 ရက်နေ့မှာ ထုတ်လွှင့်မှာပဲ ဖြစ်ပါတယ်။

Source: Soompi
Written: Phoo Phoo

Share