Categories: Celebrity News

Taeyeon, Chen, Heize, Punch စတဲ့အနုပညာရှင်တွေ ဇာတ်ဝင်တေးသီဆိုသွားမယ့် ဇာတ်လမ်းတွဲသစ်

SBS ရဲ့ ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ “Do You Like Brahms?” အတွက် တကယ့်ကို OST ဘုရင်၊ ဘုရင်မတွေလို့ တင်စားကြတဲ့ အနုပညာရှင်တွေက ဇာတ်ဝင်တေးများ သီဆိုပေးသွားကြမှာနော်။

ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ Yam Yam Entertainment က Taeyeon, 10 cm, Chen, Heize နဲ့ Punch တို့က “Do You Like Brahms?” အတွက် ဇာတ်ဝင်တေးသီဆိုပေးသွားမယ့်အကြောင်း ကြေညာခဲ့တာပါ။

ဂန္တဝင် K-Pop အဖွဲ့ဖြစ်တဲ့ G.O.D လည်း OST သီဆိုပေးသွားမယ့်အကြောင်းကို ကြေညာထားခဲ့ပါသေးတယ်။ ဒီ ဇာတ်လမ်းတွဲကတော့ မိမိတို့ရဲ့ အိပ်မက်နဲ့ မေတ္တာရေးအတွက် ရုန်းကန်နေရတဲ့ လူငယ် Classical ဂီတပညာရှင်လေးများအကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

OST တွေရဲ့ အဓိက သီကုံးသူကတော့ ကောင်းမွန်တဲ့ OST တွေပါဝင်တယ်လို့ နာမည်ကြီးတဲ့ “Hotel Del Luna”, ” It’s Okay It”s Love” နဲ့ “Descendants of the Sun”, “Goblin” စတဲ့ ဇာတ်လမ်းတွဲများမှ OST များကို သီကုံးခဲ့သူဖြစ်ပါတယ်။

သူဟာ Chanyeol နဲ့ Punch ရဲ့ “Stay With Me” နဲ့ Crush ရဲ့ “Beautiful” ကို သီကုံးခဲ့သူလည်း ဖြစ်ပါတယ်တဲ့နော်။ Kim Min Jae နဲ့ Park Eun Bin တို့ရဲ့ “Do You Like Brahms” ကို ဩဂုတ်လ ၃၁ ရက်နေ့မှ စတင် ထုတ်လွှင့်ပြသ သွားမှာပါ။ OST အဆိုရှင် Line-up ကတင် တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။

Source: Soompi
Written: Gyi Gyi

Share