Categories: Celebrity News

ဒီကနေ့ရဲ့ ငွေကြယ်ပွင့် Rosè ဖြစ်လာအောင် သူ့ကိုတွန်းပို့ပေးခဲ့တဲ့ အခိုက်အတန့် (၃) ခု

ဒီနေ့မှာတစ်ကမ္ဘာလုံးက စောင့်ကြည့်နေရပြီး ဂီတနဲ့ဖက်ရှင်မှာ ဘယ်သူနဲ့ယှဉ်ယှဉ် နောက်ကောက်မကျတဲ့ ဒိတ်ဒိတ်ကြဲ BLACKPINK ရဲ့ main vocalist နေရာကိုယူထားတဲ့ Rosè ဟာလဲ တစ်ချိန်တုန်းက ဂီတကိုရူးသွပ်တဲ့ သာမာန်ကလေးမလေး Park Chaeyoung ပါပဲ။

နှင်းဆီပန်းငုံလေးကို ဒီလိုအစွမ်းကုန်ဖူးပွင့်လာဖို့အတွက် ခရီးလမ်းတစ်လျှောက်သူ့ကို တွန်းပို့ပေးတဲ့အရာတွေလဲ ရှိခဲ့ပါတယ်။ W Megazine ရဲ့ interview တစ်ခုမှာတော့ Rosè ဟာ သူ့ဂီတခရီးလမ်းရဲ့ ပထမအစကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ‘ကျွန်မကို trainee အဖြစ် လက်ခံလိုက်ပြီဆိုတဲ့အခါမှာ အမေရယ် အဖေရယ်နဲ့ ဩစတျေးလျကနေ လေယာဉ်အကြာကြီးစီးပြီး ကိုရီးယားကို လာခဲ့ပါတယ်။

ပြီးတော့ပထမဆုံးအနေနဲ့ BLACKPINK အဖွဲ့ဝင်တွေနဲ့တွေ့ခဲ့ရတယ်။ အဲ့အခိုက်အတန့်ဟာ ကျွန်မအတွက် တစ်သက်စာမမေ့နိုင်တဲ့ အခိုက်အတန့်ပါပဲ။’ လို့ဆိုခဲ့ပြီး ဒီ moment လေးကပဲ သူ့ကိုဒီခရီးရှည်ကြီးအတွက် အားအင်ဖြစ်စေကြောင်း ပြောပြခဲ့ပါတယ်။

နောက်ထပ်သူ့ကို အားအင်တွေဖြစ်စေပြီး ဒီနေရာအထိရောက်ဖို့ တွန်းအားပေးခဲ့တဲ့ အခိုက်အတန့်ကတော့ BLACKPINK debut တဲ့နေ့ပါတဲ့။ ခက်ခဲမှုတွေ သွေးချွေးမျက်ရည်တွေနဲ့ရင်းပြီး idol အဖြစ် ပထမဆုံးခံယူလိုက်ရတဲ့နေ့မို့ Rosè ဟာ ဒီနေ့မှာ ခံစားချက်ပေါင်းစုံနဲ့ ဝမ်းသာပီတိဖြစ်တာ အဆန်းတော့မဟုတ်ပါဘူး။

တတိယမြောက် moment လေးကတော့ Coachella 2019 မှာ ဖျော်ဖြေခွင့်ရတုန်းကပါတဲ့။ နိုင်ငံတကာစင်မြင့်ထက်မှာ Kpop ရဲ့ပါဝါကို ပြသနိုင်ခဲ့တာကတော့ BLACKPINK အဖွဲ့ဝင်တွေတင်မက BLINK တွေအတွက်ပါ ကြက်သီးထစရာ တစ်ဘဝလုံးပြန်ဂုဏ်ယူနေရမယ့် အမှတ်တရပါပဲ။

Rosè ကတော့ သူ့ကိုဒီနေ့ဒီအချိန်မှာ မြင်နေရတဲ့ Rosè ဖြစ်အောင် တွန်းပို့ပေးခဲ့တာကတော့ ဒီကြည်နူးစရာအခိုက်အတန့်လေးတွေပါတဲ့။ တကယ်လဲတန်ဖိုးရှိတဲ့ moment လေးတွေမို့ ရှေ့ဆက်ပြီးလဲ အခက်အခဲတွေကြုံတိုင်းမှာ Rosè လေးဟာ ဒီအချိန်လေးတွေကို ပြန်လည်မြင်ယောင်ရင်း အားတင်းနိုင်ပါစေနော်။

Source : Koreaboo
Written : Dar Dar

Share