Categories: Celebrity News

It’s Okay To Not Be Okay ထဲကမင်းသား Oh Jung Se ပါဝင်သော ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတွဲများ

It’s Okay To Not Be Okay မှာ Moon Sang Tae အနေနဲ့ပါဝင်ပြီးတဲ့နောက်မှာ Oh Jung Se ကိုယခင်ကထက်ပရိတ်သတ်အာရုံစိုက်မှုပိုပြီးများပြားလာပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ ဇာတ်ကောင်စရိုက်အစုံပိုင်နိုင်တဲ့ Oh Jung Se ပါဝင်ခဲ့တဲ့ အထင်ကရဇာတ်လမ်းတွဲတွေကိုဖော်ပြပေးသွားမှာပါ။

၁။ Missing 9 (2017)


ပျောက်ဆုံးနေတဲ့လူကိုးယောက်လို့ အဓိပ္ပာယ်ရမယ့် Missing 9 ဇာတ်လမ်းတွဲကိုပရိတ်သတ်တို့ သိကြမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းအကျဉ်းလေးက Entertainment တစ်ခုကလူကိုးယောက်တို့ဟာ concert တစ်ခုကိုသွားဖျော်ဖြေဖို့ ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်လာရာကစပါတယ်။

ဒါပေမယ့် concert ကိုမရောက်လိုက်ပဲ လေယာဉ်ပျက်ကျပြီး သူတို့အားလုံး အသက်ရှင်ဖို့ခက်ခဲပြီး လူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းပေါ် သောင်တင်နေတဲ့ ဇာတ်လမ်းအရှုပ်အရှင်းတွေကိုရိုက်ကူးထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်တွဲမှာ Oh Jung Se က Legend Entertainment ရဲ့ Talent Manager အဖြစ် ပိုင်ပိုင်နိုင်နိုင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၂။ Touch Your Heart (2019)


သင်ဟာ ဟာသဇာတ်မြူးမြူးလေးတွေကို သဘောကျတတ်သူဆိုရင်တော့ ဒီဇာတ်လမ်းထဲက Oh Jung Se ရဲ့ ကာရိုက်တာနဲ့တင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲလေးပါ။

အနုပညာလောကကနေ ခေတ္တအနားယူထားတဲ့ မင်းသမီးချောလေးတစ်ယောက် စည်းကမ်းတင်းကြပ်တဲ့ ရှေ့နေတစ်ယောက်အတွက် အတွင်းရေးမှူးနေရာက တာဝန်ထမ်းဆောင်ပေးရင်းဖြစ်လာတဲ့ အလွဲလေးတွေအကြောင်းဇာတ်အိမ်တည်ပြီးရိုက်ကူးတဲ့ ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းမှာ Oh Jung Se က Always Law Firm ရဲ့ပျော်တတ်တဲ့ခေါင်းဆောင်အနေနဲ့ တက်တက်ကြွကြွပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၃။ When The Camellia Blooms (2019)


Oh Jung Se တစ်ယောက် the Best Supporting Actor Award ရလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ When The Camellia Blooms ဇာတ်လမ်းတွဲကိုလည်းချန်ခဲ့လို့ဘယ်ဖြစ်ပါ့မလဲနော်။

ဇာတ်လမ်းက ထူးဆန်းတဲ့ Ongsan မြို့လေးကို Bar ဆိုင်ဖွင့်ဖို့ပြောင်းရွှေ့ခဲ့ပြီး ကလေးကိုတစ်ဦးတည်းပျိုးထောင်နေတဲ့မိခင်တစ်ဦးအကြောင်းရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ Oh Jung Se ကအပေါ်မှာဖော်ပြခဲ့တဲ့မိခင်ရဲ့ အိမ်ခန်းပိုင်ရှင် Mr. No အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ပါတယ်။

၄။ Hot Stove League (2019)


Hot Stove League ဇာတ်လမ်းတွဲက Baeksang Arts Awards မှာအကောင်းဆုံးဇာတ်လမ်းတွဲဆုကိုရရှိခဲ့တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Oh Jung Se ကိုအောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးလိုက်တဲ့ ဒရမ်မာတစ်ခုဆိုရင်လည်းမမှားပါဘူး။ Dream ဆိုတဲ့ Baseball Club တစ်ခုအခြေအနေဆိုးနေရာကနေ အကာင်းဆုံးဖြစ်လာအောင် ထိုးနှက်ချက်တွေကို အန်တုပြီး ဘယ်သူတွေကဘယ်လိုပျိုးထောင်ခဲ့သလဲဆိုတဲ့အကြောင်းရိုက်ကူးထားတာပါ။

Dream Club ပိုင်ရှင်ရဲ့တူဖြစ်သူ Jaesong Group ရဲ့ Director အနေနဲ့သူ့ရဲ့အနုပညာစွမ်းရည်ကိုအပြည့်အဝပြသခွင့်ရခဲ့တဲ့ဇာတ်လမ်းတစ်ခုဖြစ်လို့ မကြည့်ရသေးရင်ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ခုပါ။

၅။ It’s Okay To Not Be Okay (2020)


Ongoing ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ It’s Okay To Not Be Okay မှာ Jung Se ရဲ့တာဝန်ကျေမှုကိုတော့ပြောပြနေစရာတောင်မလိုပါဘူး။ ဒီဇာတ်လမ်းတွဲဟာ သူရဲ့အနုပညာသက်တမ်းတစ်လျှောက်အကောင်းဆုံး ဖြစ်တယ်လို့ပရိတ်သတ်တွေကတစ်ညီတစ်ညွတ်ထောက်ခံထားကြပါတယ်။

Autistic ရောဂါဝေဒနာခံစားနေရပြီး ညီဖြစ်သူနဲ့ပဲ ဘဝတစ်လျှောက်အဖော်ပြုပြီးနေလာရတဲ့ Moon Sang Tae အနေနဲ့ပါဝင်ထားပြီး သူ့အဖြစ်ကိုသနားတာအပြင် မကျန်းမာပေမယ်သွက်သွက်လက်လက်နေတတ်တဲ့သူ့ပုံစံကို သနားချစ်ချစ်လာအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ဇာတ်ကောင်ပါ။ ဇာတ်ကွက်တိုင်းကိုလည်း မလွတ်တမ်းပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့လို့ သူဒီဇာတ်လမ်းနဲ့ ဆုထပ်ရဦးမယ်ဆိုပြီးပရိတ်သတ်တွေကခန့်မှန်းထားကြပါတယ်။

Source : Kpopstarz
Written : Helra

Share