Categories: Celebrity News

လူမျိုးမရွေး၊ ဘာသာမရွေး လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ မမနဲ့မောင်လေးဇာတ်လမ်းတွဲများ (Part-1)

ကိုရီးယားဇာတ်လမ်းတွဲတွေဟာအချစ်ကို ပုံဖော်တဲ့နေရာရော ရိုတဲ့နေရာမှာပါနာမည်ကြီးပါ။ အခုဖော်ပြပေးသွားမှာကတော့ ကြည်နူးစရာမမနဲ့မောင်လေးတွေရဲ့အချစ်ဇာတ်လမ်းတွဲလေးတွေပါနော်။

Witch’s Romance(2014)

၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ဒီဇာတ်လမ်းတွဲလေးကိုမမနဲ့မောင်လေးဇာတ်လမ်းတွေရဲ့အစလို့ဆိုရလောက်အောင် ပရိတ်သတ်တွေကအားပေးခဲ့ကြတာပါ။ ဒီဇာတ်လမ်းထဲက မောင်လေး Yoon Dong Ha နေရာမှာတာ့ပရိတ်သတ်အချစ်တော် Park Seo Joon ကသရုပ်ဆောင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Yoon Dong Ha ကသူ့ရဲ့ချစ်သူမိန်းကလေးသေဆုံးပြီကတည်းက အလုပ်တောင်ဖိဖိစီးစီးမလုပ်ဖြစ်ပဲ ခံစားချက်တွေ ဘဝရည်မှန်းချက်တွေပျောက်ဆုံးနေသူတစ်ဦးပါ။ နောက်ပိုင်းမှာ အလုပ်ကလွဲပြီးဘာမှအရေးမကြီးဘူးလို့ခံယူထားတဲ့ အသက် ၃၉ နှစ်အရွယ်သတင်းတင်ဆက်သူ Ban Ji Yeon (Uhm Jung Hwa) နဲ့တွေ့ဆုံခဲ့ပါတယ်။

သူမကလည်း လက်ထပ်ပွဲမတိုင်ခင်တစ်ရက်အလိုမှ မပြောမဆိုနဲ့ပျောက်သွားတဲ့ သူမရဲ့ရည်းစားဟောင်းကြောင့် အချစ်ကိုစိတ်နာနေသူဆိုတော့ မမနဲ့မောင်လေးတို့ ဘယ်လိုဇာတ်လမ်းစခဲ့သလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပြီး ပရိတ်သတ်အားပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါ။

Temperature of Love (2017)

၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးကလည်း ကြည်နူးစရာ မမနဲ့မောင်လေး ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ စီးရီးဇာတ်ညွှန်းရေးသားတဲ့ Hyun Soo (Seo Hyun Jin) က Jane ဆိုတဲ့နာမည်ဝှက်ကိုသုံးပြီး Chakhan Seupeu ဆိုတဲ့နာမည်ဝှက်ပိုင်ရှင်တစ်ယောက်နဲ့ online မှာတွေ့ဆုံရင်းနှီးခဲ့ပါတယ်။

Chankhan Seupeu ဆိုတဲ့တစ်ယောက်ကတော့ ငယ်ရွယ်တဲ့စာဖိုမှုးလေးတစ်ဦးဖြစ်တဲ့ Jung Sun (Yang Se Jong) ပါ။ သူတို့နှစ်ဦး အပြင်မှာဆုံမိကြတဲ့အခါ သူတိုထင်ထားတာထက်ပိုပြီး တစ်ယောက်အပါ်တစ်ယောက် နားလည်ပြီးပုံစံလည်းတူတဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။

Secret Love Affair(2014)

Secret Affair ကတော့ တကယ်ကိုမှ မမနဲ့မောင်လေးဇာတ်လမ်းစစ်စစ်ပါ။ Oh Hye Won (Kim Hee Ae) က ထက်မြက်တဲ့အသက် ၄၀ အရွယ်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး အသက် ၂၀ အရွယ် Lee Sun Jae (Yoo Ah In) ကနွမ်းပါးတဲ့အိမ်ကလာပေမယ့် အရည်အချင်းရှိတဲ့ စန္ဒရားပညာရှင်လေးတစ်ဦးပါ။

Oh Hye Sun က Lee Sun Jae အလုပ်လုပ်နေတဲ့ Seohan Arts Foundation က ဒါရိုက်တာတစ်ဦးဖြစ်လာရာကစပြီး အသက်ကွာတဲ့သူတို့နှစ်ယောက် သံယောဇဉ်တွေဘယ်လိုငြိတွယ်ခဲ့သလဲဆိုတာကို ဇာတ်အိမ်တည်ပြီးရိုက်ထားတာပါ။

Something In The Rain (2018)

ဒီဇာတ်လမ်းတွဲလေးကတော့ ငယ်ငယ်ကတည်းကသိလာကြသူနှစ်ယောက် ကြီးလာတဲ့အခါ သူငယ်ချင်းသံယောဇဉ်ထက်ဘယ်လိုပိုလာသလဲဆိုတာကိုရိုက်ကူးထားတာပါ။

Jin Ah (Son Ye Jin) ကအသက် ၃၀ ကျော်အရွယ် ကော်ဖီဆိုင်တစ်ခုက Supervisor အမျိုးသမီးတစ်ဦးဖြစ်ပြီး Joon Hee (Jung Hae In) က အသက် ၂၀ ကျော်အရွယ်ဗီဒီယိုဂိမ်းတွေအတွက် ပုံတွေရေးဆွဲပေးသူတစ်ဦးပါ။ ဒီဇာတ်လမ်းတွဲလေးထဲမှာလိုတာထက်ပိုပြီးချစ်မိတဲ့အခါဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေကိုလည်းတွေ့ရမှာပါနော်။

Encounter(2018)

၂၀၁၈ ခုနှစ်ကမှထွက်ရှိခဲ့တဲ့ Song Hye Kyo နဲ့ Park Bo Gum တို့ရဲ့ မမနဲ့မောင်လေးဇာတ်လမ်းကလည်း ပရိတ်သတ်မစိမ်းပါဘူးနော်။ ကံတရားကြေင့်သာမဟုတ်ရင်ဘယ်လိုမှဆုံစည်းဖို့မဖြစ်နိုင်တဲ့ သူတို့နှစ်ယောက် Cuba တိုင်းပြည်မှာတွေ့ခဲ့တဲ့ အမှတ်မထင်တွေ့ဆုံမှု Encounter အကြောင်းရိုက်ကူးထားတာပါ။

ကိုရီးယားကိုပြန်ရောက်တဲ့အခါမှာလည်း ကံတရားကြောင့်ပဲထပ်မံတွေ့ဆုံခဲ့ပြီး ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုရိုက်ကူးထားတာမို့လို့ ရိုတာကြိုက်တဲ့သူတွေအတွက် အံကိုက်ပါပဲ။

Source : KpopStarz
Written : Helra

Share