Categories: Celebrity News

Confidential Assignment 2 မှာ Hyun Bin, Yoo Hae Jin တို့နှင့်အတူ YoonA ရောပါဝင်မှာလား..?

2017 ခုနှစ်ရဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်တဲ့ Confidential Assignment ကတော့ အခုအချိန်မှာ Season 2 ကိုဆက်လက်ရိုက်ကူးမယ်ဆိုတာ သေချာသွားပါပြီ။

Season 1 ကတည်းက ပါဝင်ခဲ့တဲ့ Hyun Bin နှင့် Yoo Hae Jin တို့ကတော့ season 2 မှာလည်း ဆက်လက်ပါဝင်ကြမှာပါ။ နောက်ထပ်အဓိက သရုပ်ဆောင်ဖြစ်တဲ့ YoonA ပါဝင်ဖြစ်မဖြစ်ကိုတော့ ပရိတ်သတ်တွေက သိချင်နေကြပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့မှာတော့ Munhwa llbo ရဲ့ထုတ်ပြန်ချက်အရ YoonA ဟာ Confidential Assignment 2 မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ပေးဖို့ ကမ်းလှမ်းခံထားရပါတယ်။ အခုချိန်အထိတော့ YoonA ကဇာတ်ညွှန်းကို လေ့လာနေတုန်းလို့ပဲ ပြောထားပါတယ်။ ပါဝင်ဖြစ်မဖြစ်ကိုတော့ အခုထိတော့ တရားဝင်မထုတ်ပြန်ရသေးပါဘူး။


တကယ်လို့သာ YoonA သာအခု Season 2 မှာပြန်ပါဝင်မယ်ဆိုရင် 2017 တုန်းကလို Hyun Bin, Yoo Hae Jin တို့နှင့်အတူ လိုက်ဖက်ညီစွာ ပြန်တွေ့ရဦးမှာပါ။ ပရိတ်သတ်တွေကတော့ သူတို့သုံးဦးစလုံးကို ပြန်ဆုံကြမယ့် Confidential Assignment 2 ကို လုံးဝမျှော်လင့်နေကြပါတယ်။

အခုလောလောဆယ်မှာတော့ YoonA ဟာ Park Jung Min, Lee Soo Kyung နှင့် Lee Sung Min တို့နှင့်အတူတူ Miracle ဆိုတဲ့ရုပ်ရှင်ကို ရိုက်ကူးထားပါတယ်။ ပရိတ်သတ်ကြီးရော Confidential Assignment 2 မှာ YoonA ကိုပြန်တွေ့ချင်ပါသလား။ တစ်ခုခုပြောခဲ့ပါဦး။

Source: Soompi
Written: Phoo Phoo

Share