Categories: Celebrity News

Debut တစ်နှစ်ပြည့်အနေနဲ့ ပြန်လည်တွေ့ဆုံခဲ့ကြတဲ့ X1 အဖွဲ့ဝင်များ

SPOTV ရဲ့ပြောကြားချက်အရ X1 အဖွဲ့ဝင်တွေဟာ သူတို့အဖွဲ့ X1 တည်ထောင်ခဲ့ခြင်းရဲ့ တစ်နှစ်ပြည့်အနေနဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်တဲ့။ တွေ့ခဲ့ကြတဲ့နေရာကိုတော့ Seoul မြို့ဆိုတာကလွဲပြီး အတိအကျဖော်ပြထားခြင်းမရှိပါဘူး။ အဖွဲ့ဝင် ၁၁ ယောက်မှာ ၁၀ ယောက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး Kim Yohan ကတော့သူ့ရဲ့ပထမဆုံး solo သီချင်းဖြစ်တဲ့ “No More” နဲ့ပက်သတ်တဲ့ Schedule တွေကြောင့်မအားလပ်လို့ မလာရောက်နိုင်ခဲ့ပါဘူးတဲ့။

ဒီလိုတွေ့ဆုံပွဲဟာ ၂၀၂၀ ခုနှစ်အစပိုင်း အကြောင်းကြောင်းကြောင့် disband ပြီးနောက်မှာ ပထမဆုံးလူထုကိုအသိပေးခဲ့တဲ့ တွေ့ဆုံမှုလေးပါ။ ဒီတွေ့ဆုံပွဲမှာသူတို့ပျော်ပျော်ရွှင်ရွှင် အကြာကြီးစကားလက်ဆုံကျခဲ့ပြီး ပျော်စရာအချိန်လေးတွေကုန်ဆုံးခဲ့ကြတယ်လို့သိရတော့ ဝမ်းသာစရာပါ။

X1 ဆိုတာ PRODUCE X 101 ဆိုတဲ့အစီအစဉ်ကနေဖြစ်တည်လာခဲ့တဲ့ အဖွဲ့ဝင် ၁၁ ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး debut ပြီးမကြာခင်မှာပဲ အောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် disband ခဲ့ရလို့ အခုလို member တွေပြန်လည်တွေ့ဆုံနေတာကိုကြည့်ပြီး ပရိတ်သတ်တွေကအလွမ်းပြေပြီး ကျေနပ်နေကြပါတယ်။

Source : Koreaboo
Written : Helra

Share