Categories: Celebrity News

အားလုံးကိုအရည်ပျော်သွားစေမယ့် SELPINK ရဲ့ Ice Cream ထက်ချိုမြိန်တဲ့ ပေါင်းစပ်မှု

Selena Gomez နဲ့ BLACKPINK တို့ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Ice Cream ကတော့ ထွက်ရှိလာချိန်မှာပဲ တစ်ကမ္ဘာလုံးကို ချိုမြိန်တဲ့အငွေ့အသက်တွေနဲ့ လွှမ်းခြုံလိုက်ပြန်ပါပြီ။

နားစွဲလွယ်တဲ့သီချင်းနဲ့ Selena နဲ့ BLACKPINK တို့ရဲ့ မတူညီတဲ့ အလှတရားနဲ့ ဆွဲဆောင်မှုတွေကြောင်​့ ဒီအချိန်မှာတော့ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် လူတိုင်းက Ice Cream အကြောင်းကို ပြောနေကြတာပါ။

ဒီနေ့ရဲ့လူပြောအများဆုံးအကြောင်းအရာတွေထဲမှာ BLACKPINK အဖွဲ့ဝင်တွေနဲ့ Selena Gomez ရဲ့ visual အကြောင်းကလဲ မပါမဖြစ်ပါပဲ။ ပန်းရောင်နောက်ခံ နွေရာသီ concept နဲ့ အလှနတ်ဘုရားမလေး ငါးဦးရဲ့ ချစ်စဖွယ်အလှတရားကို တွဲဖက်လိုက်တဲ့အခါ MV ကို အထပ်ထပ်အခါခါပြန်ကြည့်ချင်နေရပါတော့တယ်။

အဖွဲ့ဝင်တွေအားလုံးတစုတစည်းတည်း ကခုန်နေတဲ့အချိန်မှာလဲ လှသလို တစ်ယောက်ချင်းစီရဲ့ မျက်နှာအနီးကပ်ရိုက်ချက်တွေကလဲ Blinks တွေကို ရူးသွပ်သွားစေပါတယ်။

အထူးသဖြင့်တော့ Selena ရဲ့ ပန်းရောင်တောက်တောက် outfit၊ Jisoo ရဲ့ ချယ်ရီသီး၊ Jennie ရဲ့ဆံပင်အရောင်ဆန်းလေးနဲ့ တောက်ပရွန်းစိုတဲ့ နှုတ်ခမ်းလေး၊ Rosè ရဲ့ လက်သည်းရှည်လေးတွေနဲ့ Lisa ရဲ့ ဆံပင်အစိမ်းရောင်လေးတို့က အဓိက killing point လို့တောင်ဆိုရမလိုပါပဲ။

ပရိတ်သတ်တွေအနေနဲ့တော့ MV ထဲမှာ Selena နဲ့ BLACKPINK တို့ကို ငါးယောက်တွဲမမြင်လိုက်ရပဲ သက်သက်စီသာရိုက်ကူးထားတာကို နှမြောတသဖြစ်နေကြပေမယ့် Selena ရဲ့ညှို့အားပြင်းတဲ့ဆွဲဆောင်မှုကိုရော BLACKPINK အဖွဲ့ဝင်တွေရဲ့ ချစ်စဖွယ်အလှတရားကိုရော တစ်ပြိုင်တည်းကြည့်ရှုခံစားရတာမို့ ကျေနပ်အားရနေကြပါတယ်။ ပရိတ်သတ်တို့ရော Ice Cream MV ရဲ့ ဘယ်အပိုင်းလေးကို သဘောအကျဆုံးလဲဆိုတာ ပြောပြပေးသွားကြပါဦးနော်။

Written : Dar Dar

Share