Categories: Celebrity News

နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတဲ့အသွင်ကိုဆောင်တဲ့ Visual Goddess များ (အပိုင်း ၁)

မိန်းကလေးတွေရဲ့အလှကို သေချာခွဲခြားစိတ်ဖြာကြည့်မယ်ဆိုရင်လဲ အမျိုးအစားများစွာရှိပါတယ်။ ဒီလိုပဲ kpop အနုပညာရပ်ဝန်းမှာလဲ ညို့အားပြင်းတဲ့အလှ ချစ်စရာကောင်းတဲ့အလှ တည်ငြိမ်ရင့်ကျက်တဲ့အလှဆိုပြီး အမျိုးမျိုးတွေ့ရတာပါပဲ။ အခုဖော်ပြသွားမှာကတော့ နူးညံ့သိမ်မွေ့တဲ့ မိန်းမသားတစ်ဦးရဲ့ ပုံရိပ်နဲ့ kpop idol အလှပဂေးများ (အပိုင်း ၁) ဖြစ်ပါတယ်။

၁။ Yoona (SNSD)
Girls’ Genereation ရဲ့ Yoona ကတော့ kpop အဖွဲ့တွေရဲ့ visual တွေထဲကမှ ဘုရင်မတစ်ပါးလို့ဆိုနိုင်ပါတယ်။ သူ့ရဲ့တည်ငြိမ်မှုအပြည့်နဲ့ သိမ်မွေ့တဲ့ပုံစံလေးကြောင့်လဲ နှစ်ပေါင်းများစွာ အလှဆုံး idol အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

၂။ Suzy (Miss A)
Nation’s 1st Love လို့တောင် တင်စားခေါ်ဝေါ်ရတဲ့ Suzy ကလဲ kpop ရဲ့အထင်ကရ visual တစ်ဦးပါပဲ။ ကြည်လင်သန့်စင်တဲ့မျက်နှာလေးနဲ့ အပြစ်ကင်းတဲ့အလှကြောင့် သူ့ကိုမြင်လိုက်တာနဲ့ ငယ်ဘဝကို အချစ်ဦးကို ပြေးသတိရစေတဲ့ ပုံစံလေးရှိပါတယ်။

၃။ Tzuyu (Twice)
အသက်ငယ်ပေမယ့် အနေအေးပြီး သိမ်မွေ့တဲ့မိန်းမသားတစ်ဦးရဲ့ ပုံရိပ်လေး အပြည့်အဝရှိတာကတော့ Tzuyu ပါ။ မျက်နှာလေးတင်မကပဲ ခန္ဓာကိုယ်အချိုးအစားကပါ နွဲ့နှောင်းပြီး ကျက်သရေရှိလွန်းပါတယ်။

၄။ Jisoo (BLACKPINK)
BLACKPINK အဖွဲ့ကတော့ ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်း concept ရှိပေမယ့် အဖွဲ့ရဲ့ visual ဖြစ်တဲ့ Jisoo ကတော့ ဖြူစင်တဲ့မျက်နှာလေးနဲ့ နူးညံ့သိမ်မွေ့တဲ့ ချစ်သူကောင်မလေးရဲ့ ပုံရိပ်မျိုးကိုဖော်ဆောင်ပါတယ်။

၅။ Minjoo (IZ*ONE)
IZ*ONE အဖွဲ့ရဲ့ Minjoo ကလဲ ချစ်စရာကောင်းရုံမက အမြဲလိုလို သိမ်မွေ့နူးညံံ့ပြီး မိန်းကလေးပီသတဲ့ပုံစံလေးနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်သူလေးပါ။ အေးချမ်းတဲ့မျက်နှာလေးကြောင့် ဘာလေးဝတ်ဝတ် ကျက်သရေရှိနေတာပါပဲ။

၆။ Irene (Red Velvet)
Irene ရဲ့သိမ်မွေ့နူးညံ့မှုကိုတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ရုပ်ရည်လေးတင်မက အကျင့်စရိုက်လေးကပါ မိန်းကလေးပီသပြီး နူးညံ့သိမ်မွေ့တာကြောင့် Red Velvet အဖွဲ့ရဲ့မိခင်လို့တောင် ချစ်စနိုးနဲ့ခေါ်ကြပါတယ်။

၇။ Yiren (Everglow)
Everglow အဖွဲ့ရဲ့ Yiren ကတော့ Produce 48 မှာပါဝင်ခဲ့ကတည်းက သူ့ရဲ့မိန်းမပီသပြီး နွဲ့နှောင်းသွယ်ပျောင်းတဲ့ ဆွဲဆောင်မှုလေးကြောင့် ထင်ရှားခဲ့တာပါ။ မျက်နှာသေးသေးလေးနဲ့ အေးချမ်းတဲ့ပုံစံလေးရှိပါတယ်။

ဒါကတော့ koreaboo သတင်းဌာနကဖော်ပြတဲ့ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ပုံရိပ်ကိုဖော်ဆောင်တဲ့ အမျိုးသမီး idol များ (အပိုင်း ၁) ပါ။ အပိုင်း ၂ ကိုလဲမကြာခင်မှာ တင်ဆက်ပေးသွားမှာပါနော်။

 

Source : Koreaboo
Written : Dar Dar

Share