Categories: Celebrity News

လူမျိုးမရွေး၊ ဘာသာမရွေး လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ မမနဲ့မောင်လေးဇာတ်လမ်းတွဲများ (Part-2)

အခုခေတ်က မနဲ့မောင်တွေရဲ့ ခေတ်လို့ပြောမယ်ဆိုလည်းမှားမယ်မထင်ပါဘူး။ အပြင်လက်တွေ့မှာလည်း မနဲ့မောင် ဇာတ်လမ်းတွေရှိသလို Drama တွေထဲမှာလည်း ရှိပါတယ်။ အသက်ငယ်ငယ်ကောင်လေးတွေနှင့် ၃၀ ကျော်အပျိုကြီးတွေရဲ့ကြားက ရင်ခုန်စရာအချစ်ဇာတ်လမ်းတွဲတွေ အများကြီးရှိပါတယ်။ ထိုဇာတ်လမ်းတွဲများထဲက ကောင်းနိုးရရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Wok Of Love
ငယ်ငယ်တုန်းက ဘုံရှီလို့လူသိများတဲ့ မင်းသမီး နှင့် 2PM အဖွဲ့ဝင် Lee Jun Ho တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲကောင်းပါ။ နှစ်ယောက်စလုံးကလည်း တော်တော်လေးကို လိုက်ဖက်ညီတဲ့ မနဲ့မောင် အတွဲဖြစ်ခဲ့ပါတယ်။

I Hear Your Voice
မင်းသား Lee Jong Suk ရဲ့အောင်မြင်တဲ့ drama တစ်ခုလည်း ဖြစ်ပါတယ်။ သည်းထိပ်ရင်ဖို ဇာတ်လမ်းလည်းဖြစ်သလို မနဲ့မောင်ကြားက ဖြူစင်တဲ့အချစ်တွေကို မြင်ရမယ့်ကားတစ်ခုလည်း ဖြစ်ပါတယ်။

Romance Is The Bonus Book
စာပေထုတ်လုပ်တဲ့လုပ်ငန်းလောက ကိုအခြေခံပြီးရိုက်ကူးထားပြီး Lee Jong Suk နှင့် Lee Na Young တိုကြားက Romance ကိုလည်း ပရိတ်သတ်တွေမြင်အောင်ရိုက်ကူးထားနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

My Lovely Sam Soon
2005ခုနှစ်လောက်က ထွက်ရှိခဲ့ပြီး ကိတ်မုန့်ချစ်သူလို့ လူသိများခဲ့တဲ့ My Lovely Sam Soon ဟာအမှန်တော့ မနဲ့မောင် ဇာတ်လမ်းလေးပါ။ Hyun Bin ကိုလူကြိုက်များစေခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုလည်း ဟုတ်ပါတယ်။ မနဲ့မောင်ကြားက ပြင်းပြင်းရှရှအချစ်တွေကို ဟာသလေးတွေပါနှောကာ ရိုက်ကူးထားတဲ့ Drama ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

Source: metro.style
Written: Phoo Phoo

Share