Categories: Celebrity News

ထွက်ရှိထားတဲ့ သီချင်းပုဒ်ရေနည်းတာနဲ့ပတ်သက်ပြီး ပြောပြလာတဲ့ BLACKPINK အဖွဲ့ဝင် Rosè

BLINKs တွေအမျှော်လင့်ဆုံးအရာတွေထဲကတစ်ခုကတော့ BLACKPINK ရဲ့ သီချင်းကိုများနိုင်သလောက်များများ နားထောင်ဖို့ဆို မမှားပါဘူးနော်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Rosè က BLACKPINK အနေနဲ့ သာမန်ထက် သီချင်းနည်းနည်းပဲထွက်ဖြစ်တဲ့အကြောင်းကို New Music Daily Radio က interview တစ်ခုမှာပြောပြခဲ့ပါတယ်။

လတ်တလော ထွက်ရှိထားတဲ့ Selena Gomez နဲ့ Collab တစ်ခုဖြစ်တဲ့ Ice-cream သီချင်းကိုလည်း Host ဖြစ်သူ Zane Lowe ကပြီးပြည့်စုံတဲ့ Summer Song လေးတစ်ပုဒ်ပါဆိုပြီးချီးကျူးထားပါတယ်။

ဒါ့အပြင် ဒီလို Covid-19 ကာလမှာ အားလပ်ချိန်တွေဘယ်လိုကုန်ဆုံးနေသလဲဆိုတာကိုလည်း အဖွဲ့ဝင်တွေက နောက်ထပ်ထွက်ရှိလာမယ့် Full album အတွက်ပြင်ဆင်နေရင်း studio ထဲမှာပဲ အချိန်ကုန်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့ ၂ လလုံးလုံး အခြား schedule တွေလည်းထမ်းဆောင်ရင်းတစ်ရက်မပြတ် studio မှာ ပျော်ပျော်ရွှင်ရွှင်အသံသွင်းနေကြကြောင်း ပြောပြခဲ့ပါတယ်။

သီချင်းအပုဒ်ရေနဲ့ပက်သတ်ပြီးတော့လည်း ဒီလိုအချိန်တွေအများကြီး studio ထဲမှာကုန်ဆုံးနေတာတောင်မှ အပုဒ်ရေနည်းတာဟာ သူတို့အဖွဲ့အတွက် အရေအတွက်ကအဓိကမကျပဲ သီချင်းကိုကောင်းသထက်ကောင်းအောင်ကြိုးစားနေလို့ပါဆိုပြီး Rosè ကပြောပြခဲ့ပါတယ်။

သူမတို့အဖွဲ့ကလည်း debut တဲ့နှစ်ကစပြီး ပထမဆုံး ၄ နှစ်မှာထွက်ရှိခဲ့တဲ့ သီချင်းအရေအတွက် စုစုပေါင်းက ၂၀ တောင်မပြည့်သေးပါဘူး။ နှိုင်းယှဉ်ရလွယ်အောင်ပြောရရင် Big 3 မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE ဟာ debut ပြီးပထမ ၄ နှစ်အတွင်းမှာ သီချင်းပုဒ်ရေ ၉၀ နီးပါးထွက်ရှိခဲ့ပါတယ်။

ဒီလိုသီချင်းနည်းနည်းကိုမှ အကောင်းဆုံးအသံတွေ performance တွေနဲ့ချပြသွားချင်တာပါလို့လည်း Rosè ကပြောပြခဲ့ပါသေးတယ်။ မကြာခင်ထွက်ရှိလာမယ့် full album နဲ့ပက်သတ်ပြီးတော့လည်း YG Entertainment ကသီချင်းပုဒ်ရေ ၁၀ ပုဒ်ကျော်မယ်လို့ ထုတ်ပြန်ဖူးပေမယ့်လည်း ၈ပုဒ်သာပါဝင်မယ်လို့ ကောလဟာလတွေလည်းထွက်ရှိလို့နေပါတယ်။

Rosè ရဲ့ဖြေရှင်းချက်နဲ့ပက်သတ်ပြီးတော့လည်း Host Zane Lowe ကဒီလို အရေအတွက်ထက် quality ပေါ်မှာအခြေခံတဲ့ ဂီတကို သဘောကျကြောင်းပြောပြီး Comeback တိုင်းအောင်မြင်မှုတွေယူနိုင်လို့လည်းချိီးကျူးခဲ့ပါတယ်။

Source : Koreaboo
Written : Helra

Share