Categories: Celebrity News

Ice Cream နှင့်အတူ iTunes Chart တွေရဲ့ ထိပ်ပိုင်းကိုနေရာယူနိုင်ပြီး YouTube 3rd most subscribed Artist ဖြစ်လာတဲ့ BLACKPINK

Ice Cream သီချင်းထွက်ရှိပြီးနောက်ပိုင်းမှာတော့ BLACKPINK ဟာ စံချိန်များစွာဖြင့် အောင်ပွဲခံနေရပါတယ်။ Ice Cream ဟာဆိုရင် Western ရဲ့နာမည်ကြီး Artist တစ်ဦးဖြစ်တဲ့ Selena Gomez နှင့်အတူ ပူပေါင်းတည်ဆိုထားတဲ့ ပေါ့ပေါ့ပါးပါးလေးနှင့် စိတ်ကိုလန်းဆန်းစေမယ့် သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့မှာတော့ BLACKPINK ဟာနိုင်ငံပေါင်း ၃၈နိုင်ငံရဲ့ iTunes Chart များရဲ့ထိပ်ပိုင်းကို Ice Cream နှင့်နေရာအပြတ်အသတ် ယူထားလိုက်နိုင်ပါတယ်။ U.K နှင့် the U.S ကဲ့သို့သော နိုင်ငံကြီးများ၏ iTunes Chart ရဲ့ နံပါတ် ၃ နှင့် နံပါတ် ၂ နေရာတွေမှာ အသီးသီးရှိနေပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားရဲ့ Streaming sites များမှာဆိုရင်လည်း အဆိုပါသီချင်းဟာ ကြည့်ရှုသူအရမ်းများနေပါတယ်။ YouTube ရဲ့ View အနေနှင့်ဆိုရမယ်ဆိုရင်လည်း ၂၄နာရီအတွင်း 75Mကျော်ရရှိခဲ့ပါတယ်။

ဒါ့အပြင် BLACKPINK ရဲ့ YouTube Channel ဟာဆိုရင်လည်း YouTube မှာတတိယအများဆုံး Subscribed လုပ်ခံရတဲ့ channel ဖြစ်လာခဲ့ပါတယ်။ YG entertainment ရဲ့ထုတ်ပြန်အရဆို BLACKPINK ရဲ့ Channel ဟာဆိုရင် subscribers ပေါင်း 45.6M ကျော်သွားပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုးစံချိန်တင် အောင်မြင်မှုတွေ ရရှိနေအတွက် BLACKPlNK ရဲ့ပရိတ်သတ်တွေကိုယ်စား အလွန်ပဲ ဝမ်းသာမိပါတယ်။ ပရိတ်သတ်ကြီးရော Ice Cream ကြည့်ပြီးကြပြီလား။

Source: Soompi
Written: Phoo Phoo

Share