Categories: Celebrity News

Ice Cream MV ထဲမှာ Lisa ဝတ်ဆင်ခဲ့တဲ့ တန်ဖိုးအကြီးဆုံးလက်ဝတ်ရတနာများ

သီချင်းသစ်တစ်ပုဒ်ထွက်တိုင်း တန်ဖိုးကြီးလွန်းတဲ့ ဖက်ရှင်တွေနဲ့ ပရိတ်သတ်ကိုအံ့အားသင့်စေတဲ့ BLACKPINK ရဲ့ Ice Cream MV ထဲက ဝတ်စားပြင်ဆင်မှုအတွက် ကုန်ကျစားရိတ်တွေကလဲ နည်းနည်းနောနောတော့မဟုတ်ပါဘူး။

BLACKPINK အဖွဲ့ဝင်တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ အလှတရားကို ပိုပြီးထွန်းလင်းတောက်ပစေဖို့ ဒီလောက်တော့လဲ လိုတာပေါ့လို့ဆိုရမှာပါ။ ဒီတစ်ခေါက်ထွက်ရှိလာတဲ့ Ice Cream MV မှာတော့ နွေရာသီရဲ့ပေါ့ပါးလန်းဆန်းတဲ့အငွေ့အသက်နဲ့ မိန်းမပျိုလေးတွေရဲ့ခမ်းနားထည်ဝါတဲ့အလှကို ပေါင်းစပ်ထားတာမို့ ဖက်ရှင်တွေက ပိုပြီးဆန်းသစ်နေပါတယ်။

အဲ့ဒီထဲမှာမှ Lisa ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေရဲ့ စျေးနှုန်းကလဲ ကြောက်ခမန်းလိလိပါပဲ။ အားလုံးသိရအောင် Lisa ရဲ့ တန်ဖိုးအကြီးဆုံး လက်ဝတ်ရတနာတွေကို စျေးအနည်းဆုံးကနေ အများဆုံးထိအစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

၁၀။ $325 တန် earrings
ဒီအပိုင်းမှာ Lisa ဝတ်ဆင်ထားတဲ့ နားဆွဲလေးကတော့ AREA ကဖြစ်ပြီး တန်ဖိုးကတော့ $325 (မြန်မာငွေ ၄၃၀၀၀၀ ပတ်ဝန်းကျင်) ရှိပါတယ်။

၉။ $475 တန် necklace
ဒီပုံမှာမြင်ရတဲ့ hiphop အငွေ့အသက်တွေအပြည့်နဲ့ ဆွဲကြိုးအထပ်တွေကြားက ဆွဲကြိုးအသေးလေးကတော့ Chrome Hearts ကဖြစ်ပြီး တန်ကြေးက $475 (မြန်မာငွေ ၆၄၀၀၀၀ ခန့်) ရှိပါတယ်။

၈။ $2,250 တန် လက်စွပ်
ရေခဲမုန့်လေးကိုကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေပေါ်မှာ ဆင်မြန်းထားတဲ့ လက်စွပ်လေးကတော့ BVLGARI ကဖြစ်ပြီး $2,250 (မြန်မာငွေ သိန်းသုံးဆယ်ခန့်) တန်ပါတယ်။

၇။ $2300 တန် လက်စွပ်
BVLGARI ရဲ့ brand ambassador တစ်ယောက်ဖြစ်တာကြောင့် BVLGARI ကအသုံးအဆောင်တွေကို အများစုဆင်မြန်းထားတာတွေ့ရပါတယ်။ ဒီလက်စွပ်တွေထဲက တစ်ကွင်းကတော့ $2300 (မြန်မာငွေ သိန်းသုံးဆယ်ကျော်) တန်ပါတယ်။

၆။ $4,050 တန် ရင်ထိုး
ဒီပုံထဲမှာ သေချာစိုက်ကြည့်မှမြင်နိုင်မယ့် ရေခဲမုန့်ပုံရင်ထိုးသေးသေးလေးဟာ $4,050 (မြန်မာငွေ သိန်းငါးဆယ်ကျော်) တောင် တန်ပါသတဲ့။ ဒါကလဲ BVLGARI ကပါပဲ။

၅​။ $14,200 တန် ဆွဲကြိုး
ဒီပုံမှာ Lisa ဝတ်ထားတဲ့ ချစ်စရာဆွဲကြိုးလေးကို သဘောကျလို့ လိုက်ဝယ်ဖို့ဆုံးဖြတ်ထားရင်တော့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ရမယ့်အချိန်ပါ။ ဘာလို့ဆို သူ့ရဲ့စျေးနှုန်းက $14,200 (မြန်မာငွေ သိန်း ၁၉၀ ခန့်) ကျသင့်လို့ပါ။

၄။ $14,500 တန် နာရီ
ဒီပုံထဲက ဒီဇိုင်းဆန်းဆန်းနာရီလေးကိုတော့ အားလုံးသတိထားမိလိုက်ကြမယ်ထင်ပါတယ်။ BVLGARI Serpenti Tubogas နာရီဖြစ်ပြီး စျေးနှုန်းကတော့ $14,500 (မြန်မာငွေ သိန်း ၂၀၀ ခန့်) ပါ။

၃။ $38,500 တန် ဆွဲကြိုး
ဒီပုံထဲက Lisa ရဲ့အလှကို ပိုမိုခမ်းနားထည်ဝါစေတဲ့ BVLGARI Serpenti ဆွဲကြိုးလေးကလဲ တန်ဖိုးအနေနဲ့ $38,500 (မြန်မာငွေ သိန်း ၅၀၀) တောင်တန်ပါသတဲ့။

၂။ $45,000 တန်လက်စွပ်
ရေခဲမုန့်ကိုင်ထားတဲ့ Lisa ရဲ့လက်က လက်စွပ်သေးသေးလေးရဲ့ တန်ဖိုးက ဒီမှာဆိုတိုက်ခန်းလေးတစ်ခန်းဝယ်လို့ရတဲ့ ပမာဏပါ။ $45,000 (မြန်မာငွေ သိန်း ၆၀၀) တန်ပါတယ်။

၁။ $53,000 တန် လက်ကောက်
Ice Cream MV မှာ Lisa ဝတ်ဆင်ခဲ့တဲ့ တန်ဖိုးအကြီးဆုံးရတနာဆိုရင်တော့ ဒီလက်လောက်ကို လက်ညိုးထိုးရမှာပါပဲ။ $53,000 (မြန်မာငွေ သိန်း ၇၀၀) တောင် ကျော်နေပါရောလား။

Lisa ရဲ့ လက်ဝတ်ရတနာတွေအားလုံးပေါင်းလိုက်ရင်တော့ တန်ဖိုးက တစ်အိုးတစ်အိမ်ထူထောင်နိုင်မယ့် ပမာဏပါပဲ။ ဘယ်လက်ဝတ်ရတနာကို အကြိုက်တွေ့ခဲ့မိသလဲဆိုတာတော့ ပြောပြပေးသွားကြပါဦး။

Source : Koreaboo
Written : Dar Dar

Share