Categories: Celebrity News

နှစ်နှစ်ဆက်တိုက် MTV UK ရဲ့ Hottest Summer Superstar အဖြစ်ရွေးချယ်ခဲ့ရတဲ့ BTS

BTS ဟာ MTV UK ရဲ့ Hottest Summer Superstar အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ ဒီလိုအရွေးချယ်ခံခဲ့ရတာဟာ ခုဆိုရင်တော့ နှစ်ကြိမ်ဆက်တိုက် ဖြစ်သွားပါပီ။ ဒါကိုတော့ MTV UK မှ သူ့ရဲ့ Official website ကတစ်ဆင့်ကြေညာခဲ့တာပါ။ BTS ဟာ 2020 အတွက် Hottest Summer Superstar စာရင်းအတွက် မဲပေးမှုမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

BTS ဟာ မဲရလဒ်ပေါင်း ၃၃ သန်းကျော်နဲ့ ပထမနေရာကို ရရှိခဲ့ပြီး BLACKPINK ကတော့ မဲရလဒ်ပေါင်း ၃ သန်းကျော်ဖြင့် ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ MTV UK မှ ဒီလို Hottest Summner Superstars အတွက် မဲပေးမှုကိုစီစဉ်တာဟာ ၈ ကြိမ်မြောက်ရှိပါပီ။ ပြီးခဲ့တဲ့နှစ်တွေက အနိုင်ရရှိခဲ့သူများ ကတော့ 2013 မှ 2015 အထိ One Direction မှ အနိုင်ရရှိခဲ့ပါတယ်။

2016 အတွက် Fifth Harmony, 2017 အတွက် Lady Gaga, 2018 အတွက် Selena Gomez နှင့် 2019 အတွက် BTS မှ အနိုင်ရရှိခဲ့တာပါ။ ဒါ့ကြောင့် BTS ဟာ One Direction ပြီးနောက် ဒီ မဲစာရင်းအတွက် တစ်ကြိမ်အထက်အနိုင်ရရှိခဲ့တဲ့ အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။

Source: Soompi
Written: Gyi Gyi

Share